kalay data 01
(၁၈-၈-၂၀၂၆)ရက်နေ့ (၀၈၃၀)အချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင့်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်နိုင်ဦး၊ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းသည် တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ စစ်ကိုင်းမြို့၊ ပိုးတန်း ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ
(၂၉.၇.၂၀၂၆)ရက်နေ့ (၀၆၀၀)အချိန်တွင်စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊ဆွမ်းဦးပုညရှင်စေတီတော်၌ စုပေါင်းဆွမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။
(၂၈-၇-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်အတူ စစ်ကိုင်းမြို့၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။
(၂၅-၇-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ပ/၄၉၃၈)သည် စစ်ကိုင်းမြို့၊ပြူကံရပ်ကွက်၊ ခြေမြန်တပ်မတော်ဌာနချုပ် အမှတ်(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ရတနာစေတီဆင်များရှင်စေတီတော် ရင်ပြင်ပေါ်ရှိ ဗိမာန်တော်၌ စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက် ခဲ့ပါသည်။
(၂၄-၇-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း(ပ/၄၉၃၈)သည်စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ မြင့်မိုရ်ဦး ဝါကြိတ်စက်နှင့် ဆီစက်သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၂၄-၇-၂၀၂၆) ရက်နေ့ (၁၀၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ဒေါ်လှ ဝါကြိတ်စက်နှင့် ဆီစက်သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၂၂-၇-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံကိန်းဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင် မြေစာရင်းဦးစီးမှူး၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူးတို့နှင့်အတူ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ မြတ်ဇေယျာခန်းမ၌ ခရိုင်/ မြို့နယ်စိုက်ပျိုးတိုးမြှင့်ရေးညှိနှိုင်းကြီးကြပ်မှုတော်မတီနှင့် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်ခဲ့ပါသည်။
(၂၀-၇-၂၀၂၆) ရက်နေ့ (၀၈၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲ၊ (၃)ထပ်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၂၀-၇-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အိုးအိမ်ဝန်ထမ်း အိမ်ယာအသစ် ဆောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၁၆-၇-၂၀၂၆) ရက်နေ့ (၁၄၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ စက်ဝိုင်းသုံးထပ်စက်ရုံမှတာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ စက်ဝိုင်းသုံးထပ်စက်ရုံတွင် လျှပ်စစ်လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်နေမှုနှင့် သံရည်ကျို စက်ရုံတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(၁၆-၇-၂၀၂၆) ရက်နေ့ (၁၆၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စက်မှုကြီးကြပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ ဦးပြား ပဲခွဲစက်ရုံသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၁၈-၇-၂၀၂၆) ရက်နေ့ (၀၈၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ကြပ်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊စစ်ကိုင်းမြို့၊ ပတ္တမြား(မူလွန်)မှ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများနှင့်အတူ စစ်ကိုင်းမြို့၊ပတ္တမြားရပ်ကွက်(မူလွန်)တွင် အခြေခံကျောင်းများရှိ ကျောင်းသား/သူများ ဗလငါးတန်ပြည့်ဝ၍ ကိုယ်ခန္တာကြီးထွားဖွံ့ဖြိုးရေးအတွက် အာဟာရဓာတ်ကြွယ်ဝသော ငှက်ပျောပင်စိုက်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
(၁၅-၇-၂၀၂၆) ရက်နေ့ (၁၃၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ပ/၄၉၃၈)သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၌ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအစည်းအဝေးတက်ရောက်ခဲ့ပြီး စက်မှုဇုန်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ
(၁၅-၇-၂၀၂၆) ရက်နေ့ (၁၀၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့နှင့်အတူ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ခရိုင်စီမံကိန်းဦးစီးဌာန ဝန်ထမ်းအိမ်ယာ၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ
(၉-၇-၂၀၂၆) ရက်နေ့ (၀၅၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သဒ္ဓမ္မပါလကျောင်းတိုက်တွင် နေ့စဉ် ဆွမ်းလောင်းလှူခြင်း “နိဗဒ္ဓပုညကုသိုလ်တော်” (၁၇)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် သံဃာတော် အရှင်သူမြတ် အပါး(၁၁၇၀)နှင့် သီလရှင် (၅၄၀)တို့အား ဝါဆိုသင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများ လောင်းလှူခြင်းမင်္ဂလာအခမ်းအနား တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ
(၈-၇-၂၀၂၆) ရက်နေ့ (၁၁၁၅) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးတို့နှင့်အတူ စစ်ကိုင်းမြို့၊ ရန်နိုင်အခြေခံပညာအထက်တန်းကျောင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ
(၁-၇-၂၀၂၆) ရက်နေ့ (၁၄၀၀) အချိန်တွင် စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့ပေါ်ရှိ ငွေထည် ကြေးထည် လုပ်ငန်းရှင်များနှင့်အတူ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် ငွေထည် ကြေးထည် လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ

(၂၂-၆-၂၀၂၆) ရက်နေ့ (၁၄၀၀(အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့နှင့်အတူ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ပညာရေးတက္ကသိုလ်တွင် ရေလုံလောက်မှုမရှိသဖြင့် အဝီဇိတွင်းနှင့်ရေစက် ထပ်မံတည်ဆောက်နိုင်ရေး မြေနေရာယာယီ အသုံးပြုခွင့် တင်ပြထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ

(၂၀-၆-၂၀၂၆) ရက်နေ့ (၀၇၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်များ၊ သစ်တောဦးစီးဌာနခရိုင်ဦးစီးမှူး၊ ခရိုင်မျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ပညာရေးတက္ကသိုလ်၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်သည့်အခမ်းအနား တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ

(၁၈-၆-၂၀၂၆) ရက်နေ့ (၁၀၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး၊ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး၊ ခရိုင်လျှပ်စစ်ဦးစီးမှူးတို့နှင့်အတူ စစ်ကိုင်းမြို့၊ ကုတင်(၃၀၀)ဆံ့ ဆေးရုံဝန်းအတွင်း မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံ ဆောက်လုပ်ပြီးစီးမှုနှင့် အသစ်ဆောက်လုပ်ထားသော ဆေးသိုလှောင်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည့် မှတ်တမ်းဓါတ်ပုံ

(၁၇-၆-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင် ကျေးလက်လမ်းဦးစီးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး၊ အိုးအိမ်ဦးစီးမှူးတို့နှင့်အတူ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အိုးအိမ်ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုနှင့် ငလျင်ဒဏ်သင့်အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ဆွေးနွေးတင်ပြသည့်အစည်းအဝေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်

(၁၇-၆-၂၀၂၆) ရက်နေ့ (၁၀၃၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ အသင်္ခယာရိပ်သာဝန်းအတွင်း လူ(၁၅၀)ဆံ့ အစည်းအဝေးခန်းမ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး (၁၇-၆-၂၀၂၆) ရက်နေ့ (၁၄၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးကြီးကြပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် ဓမ္မာရုံတွင် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်သည့်အခမ်းအနား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၃-၆-၂၀၂၆) ရက်နေ့ (၀၇၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်များ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ကျင်းပပြုလ ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၁-၆-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ရုံး၌ ကျင်းပပြုလုပ်သော အိန္ဒိယသမ္မတနိုင်ငံအကူအညီဖြင့် Quick Impact Project (QIP) မှ ဝါနှင့်မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။