မုံရွာ၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု တိုင်းဒေ သကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၊ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းများရှင်များအသင်း စစ်ကိုင်းဇုန်မှဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်း ဖွင့်ပွဲအခမ်အနားကို အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့ တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းများရှင်များအသင်း၊ စစ်ကိုင်းဇုန် နာယက၊ ဉက္ကဌနှင့် သင်တန်းသား/သူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ
ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးအတက် ဟိုတယ်ဆိုင်ရာသင်တန်းအမျိုးအစား ၄ မျိးအား စုစုပေါင်း ၇ ကြိမ်ဖွင့်လှစ်နိုင် ခဲ့ပြီး သင်တန်းသား/သူ ၃၀၆ ဦးအား သင်တန်းဆင်းလက်မှတ် Certificate များပေးအပ်နိုင်ခဲ့ ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း သင်တန်းမှပို့ချပေးမည့် ဝန်ဆောင်မှုဆိုင်ရာ ပညာရပ်များအား အပတ်တကုတ် လေ့လာဆည်းပူးသွားကြရန်နှင့် ရှိပြီးသားအရည်အသွေးများ အား ယခုသင်တန်းမှပို့ချပေးမည့် ပညာရပ်များဖြင့် ပေါင်းစပ်၍ မိမိတို့၏ အရည်အသွေးများအား မြှင့်တင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းများရှင်များအသင်း၊ စစ်ကိုင်းဇုန် နာယက ဦးထွန်းလင်းသောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဉက္ကဌ ဒေါ်သီတာကျော်က စစ်ကိုင်းမြို့၏ လိုအပ်ချက်များအား ရှင်းလင်းတင်ပြကာ ရန်ကုန်မြို့၊ MHTI သင်တန်းကျောင်းမှ နည်းပြဆရာ ဦးကိုင်ဇာက သင်တန်းဖွင့်လှစ်သင်ကြားသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် သင်တန်းသား/သူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂ ရက်၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ သက်မှတ် အဆောင်များတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင် ပွဲဝင်များ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





