
(၂၇-၇-၂၀၂၆)ရက်နေ့၊ (၁၅၀၀)အချိန်တွင် တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကိုကိုသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တမူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ် အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး)များနှင့်အတူ တမူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေတက်သောပစ္စည်းများ အန္တရာယ် လျော့ပါး စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(၃-၇-၂၀၂၆)ရက်နေ့တွင် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ တောင်သူများနှင့်အတူ တမူးမြို့၊ မြို့မရပ်ကွက်၊ ကွင်းအမှတ်(၂၅၅-B)ရှိ တောင်သူ ဦးတင်ဆိုင်၏ လယ်ကွင်း၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံ၍ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာပေါင်းစပ်သုံးစွဲခြင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသခြင်း၊ တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးဟောပြောခြင်း ပြုလုပ် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ
