မုံရွာ၊ မတ် ၁၂
နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ရွှေကျင်နိကာ ယအဓိပတိမဟာနာယက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး၏ သက်တော် (၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာအဖြစ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်ကြီးများမှ ဆရာတော်/သံဃာတော် အပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာ အကယ်ဒမီကျောင်းတိုက်ကြီးအတွင်းကျင်းပရာ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်အလှူရှင်များက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ပရိယတ္တိ၊ပဋိပတ္တိ ကျောင်းတိုက်ကြီးများမှ ဆရာတော်/သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထု ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။


