မုံရွာ၊ ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၉ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်း မြို့၊စစ်ကိုင်းတောင်ရိုးရှိ ဥမင်ကိုးဆယ်စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများအား သွားရောက်ကြည်ရှုစစ်ဆေးပြီး ပြန်လည်ရှင်းလင်းဖယ်ရှား ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် “ဟံသာဂီရိ” ဘုန်းတော်ကြီး ကျောင်းတိုက်ကြီးနှင့် “လေးကျွန်းမာရ်အောင်” စေတီတော်မြတ်ကြီး ပြိုကျပျက်စီးမှုအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ ရိုင်တန်းရပ်ကွက် ရှိ RC CHURCH ကျောင်းနှင့် မင်းလမ်းရပ်ကွက်ရှိ မြို့တော်ဗလီ၊ မိုးကျဗလီ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လည်း ကောင်း၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာ အလယ် တန်း ကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းများရှိ စာသင် ကျောင်းဆောင်များ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်း လင်းဖယ်ရှားနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက် တာများ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှား နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြပြီး ငလျင်ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။






