မုံရွာ၊ မေ ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းအဝင်လမ်းနှင့် ကျောင်းဝန်းအတွင်း၌ ပလပ်စတစ်အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု အားပေးသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက်သည့်ရပ်ကွက်နေပြည်သူများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်ကြီးများအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တန်ဖိုးသင့်စား သောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်း ချပေးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၆၀၀ ကျော်ဖြင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည်သူများ နှင့်ဌာနဆိုင်ရာဝန်ထမ်းများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့်စားသုံးနိုင်ရန် အတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ မြေဧက(၄၄.၅၉)ဧကအကျယ်တွင် ငါးမွေးမြူရေးကန် ၁၆ ကန် တူးဖော်၍ ငါးကောင်ရေ ၁ သိန်း၊ ၅ သောင်း မွေးမြူထားသည့် ငါးကန်များအတွင်းမှ အသားတိုးငါးများဖမ်းယူနေမှု နှင့် ကန်များအတွင်း ငါးကောင်ရေ ၅ သိန်း သားပေါက်ပြုစုခြင်း အသားတိုးငါးများ မွေးမြူထားခြင်းလုပ်ငန်းများအား လိုက် လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

20240520 24

20240520 24

20240520 24

20240520 24

20240520 24

20240520 24

20240520 24

20240520 24

20240520 24