မုံရွာ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်း ပသော မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ နှင့်တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် ၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များ နှင့် ဆုရ ကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည် ။

အခမ်းအနားတွင် ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်း အမှတ် video clip အားပြသခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့မှ အဖွဲ့ဝင်အမျိုးသမီးလေးများက “အားအင်သစ်များနှင့်အတူ” တေးသီချင်းဖြင့်ဂုဏ်ပြုသီဆိုဖျော်ဖြေ ခဲ့ကြပြီးနောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မုံရွာ)မှ ကျောင်းသူလေးများအဖွဲ့က ” ရွှေမြန်မာ’ တေးသီချင်း ဖြင့် လည်းကောင်း၊ ရှမ်းကြီးအက တေးသီချင်း တို့ဖြင့်လည်းကောင်း သီဆို ကပြ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အခြေခံပညာကျောင်းများမှကျောင်းသား ကျောင်း သူလေးများအား ဆုချီးမြှင့်ရာ ရှေးဦးစွာ ပထမ နှင့် ဒုတိယ ဆုအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီးက လည်းကောင်း ၊ တတိယနှင့် အထူးဆုအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ရာ ဆုရ ကျောင်းသူလေးများက တက်ရောက် လက်ခံရယူခဲ့ကြသည် ။

ဆက်လက်ပြီး စာရေးဆရာမ သက်သက်နွယ် ( ရန်ကုန်တက္ကသိုလ်)က “မြန်မာအမျိုးသမီး ဂုဏ်ရည် ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီးနောက် ဆွေးနွေးဟောပြောပေးပါသော ဆရာမ သက်သက်နွယ် ( ရန်ကုန်တက္ကသိုလ်)အား စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်းကို လည်းကောင်း ၊ ရွှေမြန်မာ တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးပါသော သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မုံရွာ)မှ သင်တန်းသူလေးများအား တိုင်းဒေသကြီး ဥပဒေချုပ်မှ ချီးမြင့်ငွေ ကျပ်တစ်သိန်းကို လည်းကောင်း ၊ ရှမ်းကြီးအက တေးသီချင်းဖြင့် တေးသရုပ် ဖော် ကပြ ဖျော်ဖြေပေးပါသော သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မုံရွာ)မှ သင်တန်းသူလေးများအား ချီးမြှင့်ငွေ ကျပ်တစ်သိန်းကို လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ပြီး နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

20250707 01

20250707 01

20250707 01

20250707 01

20250707 01

20250707 01

20250707 01

20250707 01

20250707 01

20250707 01