မုံရွာ ဒီဇင်ဘာ ၃
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး စစ်ကိုင်းတိုင်းဒေသကြီး အစိုးးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နနယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးမှာရှိကြတဲ့သန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေးဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မြန်မာတို့ရဲ့မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့ ဖေးမခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊အပြန်အလှန် နားလည်ခြင်း၊ စုစည်းဆောင်ရွက်ခြင်းတို့ဖြင့်မသန်စွမ်းသူများ ဘဝဖွံ့ဖြိုး တိုးတက်လာအောင် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်းများတိုးတက်များပြားလာစေရေးဝိုင်းဝန်းဆောင်ရွက်ကြစေကြောင်း၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ နည်းပညာစွမ်းအားကို အသုံးပြုပြီးမသန်စွမ်းသူများဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူများသွားကြရမှာ ဖြစ်ပါကြောင်း၊ ဒီနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “လူမှုဘဝမြင့်မားရေး မသန်စွမ်းပါဝင်သော လူအဖွဲ့အစည်းအများ မြှင့်တင်ပေး” ဖြစ်ပါတယ်။ဒါ့ကြောင့် မသန်စွမ်းသူများအခွင့်အရေးဆောင်ရွက်နေသောကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာနိုင်အောင် ပံ့ပိုးဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အဖွဲ့တို့သည် တက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ကမ္ဘ့ာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် နှင့် တာဝန်ရှိသူများသည် မသန်စွမ်းသူများ သီချင်းဆိုပြိုင်ပွဲ နှင့် အားကစား ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ နှင့် နှစ်သိမ့်ဆု ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးခဲ့ပြီးနောက် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦး၏ ပြန်လည်သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။




