မုံရွာ၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ % ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလုပ်ရှင်များအနေဖြင့် မိမိတို့ ၏အလုပ်သမားများအား ဥပဒေနှင့်အညီ အားလုံးအကျုံးဝင်မှတ်ပုံတင်ထားရှိရန် လိုအပ်သကဲ့သို့ လုပ်ခလစာမှန်မှန်ကန်ကန်နှင့် ပေးသွင်းထားမှသာ အလုပ်သမားများ ဥပဒေပါ အကျိုးခံစားခွင့်များ ခံစားရမည့်အချိန်တွင် နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်လည်း ဆက်လက်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့်အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရန်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌထံ အာမခံအလုပ်သမား ၁၃၁၅ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီ မှုအကျိုးခံစားခွင့် ၄၀ % ကျပ်သန်း ၁၂၁.၈၂၁ အား လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်မှ ၂၀၁၂-ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်သဘာဝဘေးအန္တရာယ်ကျရောက်မှု ဆိုင်ရာ မိသားစုထောက်ပံ့မှု ၄၀ % အကြောင်းအားရှင်းလင်းပြောကြားသည်။

ထို့နောက် အာမခံအလုပ်သမားများကိုယ်စား ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ကျေး ဇူးတင်စကား ပြန်လည်ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

20250822 11

20250822 11

20250822 11

20250822 11