kalay data 01
(၆-၇-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် မုံရွာမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ သင်တန်းပို့ချနေမှု မှတ်တမ်းဓါတ်ပုံ
(၃-၇-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၆)တွင် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ရည်မှန်းချက်များအား သင်တန်းပို့ချနေမှု မှတ်တမ်း ဓါတ်ပုံ
(၁-၇-၂၀၂၆)ရက်နေ့၊ (၁၄၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ မုံရွာမြို့၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံ
(၂၉-၆-၂၀၂၆)ရက်နေ့၊ (၀၉၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဦးတင်သန်းဝင်းဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဓါတ်သတ္ထု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းစိစစ်ရေးအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါကြောင်း

(၂၉-၆-၂၀၂၆)ရက်နေ့ ၊ နံနက်(၀၈၀၀)အချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား

(၂၆-၆-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဦးတင်လှိုင်မြင့် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်သည် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်တွင်(၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် World MSME Day အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန် ပစ္စည်းများ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့မှုမှတ်တမ်းဓါတ်ပုံ