မုံရွာ၊ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၆ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများ အား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူ ကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၊ ဆန်ကုန်သည် ကြီးများအသင်းမှ တာဝန်ရှိသူများမှ ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူ ရန်ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရဖွဲ့ရုံး နှင့်တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်း များနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၊ ဆန်ကုန်ကြီး များအသင်းမှတာဝန်ရှိသူများက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊သစ်သီး၊အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စားသုံးဆီနှင့် ဝတ္ထုငွေများအား လောင်းလှူကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းနှင့်ဆွမ်း ဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

20250701 01

20250701 01

20250701 01

20250701 01