မုံရွာ၊ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကာလင်္ကာရသာမ ဏေကျော် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်း အခက်အခဲမရှိစေရေးတို့အတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် “ရွှေရတုပညာပါရမီ” RC ၂ ထပ်ကျောင်းဆောင် အဆောက် အဦသစ် တည်ဆောက်ရန်အတွက် ငွေကျပ် – ၁၂၀ သိန်းတန်ဖိုးရှိ ဘိလပ်မြေအိတ် – ၁၀၀၀ အိတ်တို့အား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် “ရွှေရတုပညာပါရမီ” RC ၂ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်ရန်အတွက် ငွေကျပ် – ၁၂၀ သိန်းတန် ဖိုးရှိ ဘိလပ်မြေအိတ် – ၁၀၀၀ အိတ်တို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

အဆိုပါ တိပိဋကာလင်္ကာရသာမဏေကျော် ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာ တော် ၈၅ ပါးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် – ၁၇ အိတ်၊ ဆီ – ၃၀ ပိဿာ၊ ဆား – ၁၂ ပိဿာ၊ ပဲ – ၃၀ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိပိဋကာလင်္ကာရသာမ ဏေကျော် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ကြီး၌ Grade- 5 နှင့် Grade- 6 ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၆၀ ဦး လပတ်စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင် တာဝန်ရှိသူများသည် တိပိဋကာလင်္ကာရ သာမဏေကျော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ကြီးအတွင်း တည်ဆောက်လျက်ရှိ သည့် အလျား – ၁၃၀ ပေ၊ အနံ – ၄၄ ပေ၊ အမြင့် – ၂၄ ပေရှိ “ရွှေရတုပညာပါရမီ” RC ၂ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240812 01

20240812 01

20240812 01