မုံရွာ ၊ နိုဝင်ဘာ ၁၄

၂၀၂၅ ခုနှစ် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ အချိန်က မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ကြပြီး ဦးစွာ အမှတ် ၃ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ လေးများဇာတိမာန် တေးသီချင်းဖြင့် သီဆို ဖျော်ဖြေ ကာ အခမ်းအနားကို ဖွက့် လှစ် ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံ‌မှ ပေးပို့သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ဖတ်ကြားရာ ဤနေ့သည် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်ကျခဲ့စဉ်က အင်္ဂလိပ်တို့၏ ကိုလိုနီကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံးက စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်တွင် ဗြိတိသျှအစိုးရက အတည်ပြုခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအား တက္ကသိုလ် ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဖြစ်ကြောင်း၊ဒါကြောင့် ဂျူဗလီဟော ခန်းမကြီး၌ ၁၉၂၂ ခုနှစ်၊ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ စည်းဝေးကျင်းပခဲ့သော ဂျီစီဘီအေ ခေါ် မြန်မာအသင်းကြီး၏ အထူးညီလာခံက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် တညီတညွတ်တည်း စတင်သတ်မှတ်ခဲ့ကြပါကြောင်း၊ထိုအချိန်မှစ၍ အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို နိုင်ငံတဝန်းလုံး၌ နှစ်စဉ်မပျက် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြရာ ယခုဆိုလျှင် (၁၀၅ ) နှစ်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊တွေ့ကြုံခဲ့ရသော အတိတ်နှင့်ပစ္စုပ္ပန်ဖြစ်ရပ်များကို သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သော ငြိမ်းချမ်းရေးအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၊သမိုင်းအစဉ်အလာကြီးမား‌ သော အမျိုးသားအောင်ပွဲ နေ့၏ စည်းလုံးညီညွတ်မှု အနှစ်သာရကို မပျက်ယွင်းစေဘဲ သတိတရထိန်းသိမ်းလျက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုစည်းမှုစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီးဘက်စုံဖွံ့ဖြိုးတိုးတက်သည့်နိုင်‌ငံ‌တော်ကြီး တည် ဆောက်ကြရမည် ဖြစ်ပါကြောင်း စသဖြင့် ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ် ၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံ ပညာအထက်တန်းဆင့်၊အလယ်တန်းဆင့်၊မူလတန်းဆင့် စာစီစာကုံး ၊ ကဗျာ နှင့်ကျပန်း စကား ပြော ပြိုင်ပွဲများတွင် တိုင်း‌ဒေသကြီးအဆင့်ဆုရရှိသောကျောင်းသား ကျောင်းသူ ၂၄ ဦးတို့အား ဆုများအသီးသီးချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် ၊ ၁၀၅ နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းဆင့် နှင့်အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူများက ပြန်လည်သရုပ်ပြ တင်ဆက်ခဲ့ကြပြီးနောက် အမှတ်(၂ )အခြေခံပညာအထက်တန်းမှကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်း ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ဖျော်ဖြေ ပေး ခဲ့ကြသော ကျောင်းသား ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြကြောင်း သိရှိရပါသည်။

20251118 07

20251118 07

20251118 07

20251118 07

20251118 07

20251118 07

20251118 07

20251118 07

20251118 07

20251118 07