မုံရွာ၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန် အလှူငွေများလှူဒါန်းခြင်း အခမ်းအနား ကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါစေတီတော်ကြီးဝန်းအတွင်းရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင် များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တတေဇဝံတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက ငါးပါးသီလခံယူဆောက်ကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

ယင်းနောက် ဆုတောင်းပြည့်စေတီတော်ကြီးအတွင်းရှိ ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် ဂေါပကအဖွဲ့ဉက္ကဌတို့ထံ အလှူငွေကျပ် – ၁၁၅၁၇၃၁၀၀ (သိန်းပေါင်း တစ်ထောင် တစ်ရာ့ငါးဆယ်တစ်သိန်းခုနှစ်သောင်းသုံးထောင်တစ်ရာကျပ်)အား ပေးအပ်လှူဒါန်းကြ သည်။

ဆက်လက်၍ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံ တော်သြဝါဒါစရိယအဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီး ချုပ် နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ ပဌာန်းသိမ်းအောင်ပွဲအား “ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

20250103 06

p>20250103 06 p>20250103 06 p>20250103 06 p>20250103 06 p>20250103 06