မုံရွာ၊ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာရှိ အရာထမ်း၊အမှုထမ်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်မြတ်နိုးပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန ရည်ရွယ်ပြီး နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့်စာဖတ်ရှိန်မြင့်မားရေး ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ၊ပရိဘောဂ နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြင့်မြင့်အောင်က သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပရိဘောဂ ပစ္စည်းများနှင့်ပတ်သက် သော မှတ်တမ်းကို လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ထောက်ပံ့ငွေ ကျပ် ၄၉၈၀၀၀၀ ကိုလည်းကောင်း ၊တိုင်းဒေသကြီး‌ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ဌာနဆိုင်ရာ အသီးသီးတို့မှ အလှူခံရရှိငွေ ကျပ် ၁၅၉၀၀၀၀ ကိုလည်းကောင်း ၊ တိုင်းဒေသကြီး ရ/သုံး မှန်းခြေငွေစာရင်းဌာနမှ ညွှန်ကြား‌ ရေးမှူး ဒေါ်ခင်ဝင်းရီက ဌာနဆိုင်ရာ အသီးသီးတို့မှလှူဒါန်းရရှိသည့် စာအုပ် စာစောင် ၆၁၆ အုပ်ကို လည်းကောင်း ပေးအပ်ရာ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသက်လေးဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း တို့က မြတ်စေတနာ အလင်းရောင်စာကြည်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်စေတနာအလင်းရောင်စာကြည့်တိုက်အတွင်းရှိ သုတရသစာအုပ်စာစောင်များ ထားရှိမှုအခြေအနေနှင့် စာပေလေ့လာဖတ်ရှုနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်သော မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာ အလင်းရောင်စာကြည့်တိုက်သည် အလျား (၄၀)ပေ၊ အနံ (၂၅)ပေ၊ အမြင့်(၁၆)ပေရှိ သွပ်မိုး၊ အုတ်ကာ၊ သမံတလင်းခင်း အမျိုးအစားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၁၂ဒဿမ ၆၂ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၊ သုတရသ စာအုပ်စာစောင်ပေါင်း(၁၃၀၀)ကျော်ထားရှိကာ နေ့စဥ် ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နန္ဒဝန် မူလတန်းကြိုကျောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက အဆိုပါကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၁၂၈၀၇၇၅ (ကျပ်တစ်ရာ တစ်ဆယ့် နှစ်သိန်း ရှစ်သောင်း ခုနှစ်ရာ ခုနှစ်ဆယ့်ငါး)တိတိကို ပေးအပ်ရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လက်ခံရယူပြီး နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြိုကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့်အဖွဲ့ဝင်များက မူကြိုကလေးငယ်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများနှင့် မုန့်မျိုးစုံတို့ကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါ ကျောင်းအတွင်းသို့ လှည့်လည်ကြည်ရှုကာတက်ရောက်လာသော ကလေးမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်းသိရသည်။

20240730 01

20240730 01

20240730 01

20240730 01

20240730 01

20240730 01

20240730 01

20240730 01

20240730 01