မုံရွာ၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရ ကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းကျောင်းကြီးရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်
ဦးစွာ “ နမောတဿသုံးကြိမ် ”ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိ ဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာ တော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဆွမ်းဆန်တော် ၅၀ အိတ်၊ ဆီ ၄၂ ပိဿာ၊ ဆား ၁၇ ပိဿာ၊ ပဲ ၄၂ ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကျော်အား ဆက်ကပ်လှူဒါန်းခဲ့သည်။
၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးအား မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ဖြေဆိုလျက်ရှိရာ သြဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများနှင့် ကြီးကြပ်ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော်ကြသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ အကျိုး တော်ဆောင်ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲကြီး၌ ဖြေဆိုတော်မူနေကြသည့် စာဖြေသံဃာတော်၊ သီလရှင်များ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်မီးပျက်တောက်မှု မရှိစေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုများအား ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အလှူငွေကျပ်- ၂၇၄၅၄၀၅၀ (နှစ်ရာခုနှစ်ဆယ့် လေးသိန်းငါးသောင်း လေးထောင့်ငါးဆယ်)အား ဆက်ကပ်လှူဒါန်းပြီး သံဃာတော်၊ သီလရှင်များ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံဖူးမျှော် ကြည်ညိုခဲ့ကြသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ




