
(၄-၈-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန်တွင် ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဟုမ္မလင်းမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီရောင်းချပေးနေမှုမှတ်တမ်းဓါတ်ပုံ
(၃-၈-၂၀၂၆)ရက်နေ့ (၁၂၃၀)အချိန်တွင် ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်သည် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ဟုမ္မလင်းမြို့၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ တာပတောင်းကျေးရွာတွင် ပထမရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာမြေငှားဂရန် ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေသည့်မှတ်တမ်းဓါတ်ပုံ
(၃၀-၇-၂၀၂၆)ရက်နေ့၊ (၀၉၀၀)အချိန်တွင် ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ဟုမ္မလင်းမြို့ပေါ်ရှိ ရွှေအရောင်းဆိုင် များအား သတ်မှတ်စျေးနှုန်း၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချမှု ရှိ/ မရှိ၊ ရွှေအရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှု ရှိ/ မရှိနှင့် တရားဝင်ရောင်းချခွင့်လိုင်စင်ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့မှု မှတ်တမ်းဓါတ်ပုံ
(၁၉-၇-၂၀၂၆)ရက်နေ့၊ (၁၃၀၀)အချိန်တွင် ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်သည် ဟုမ္မလင်းမြို့သို့ တပ်မတော်ရေယာဉ်တန်းဖြင့် လိုက်ပါလာသည့် တပ်ဖွဲ့၊ ဌာနပိုင်ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်များ ရောက်ရှိမှုနှင့် ကုန်ပစ္စည်းများအချိန်မီချထားနိုင်ရေး ကြီးကြပ်ကွပ်ကဲနေမှု မှတ်တမ်းဓာတ်ပုံ
(၇-၇-၂၀၂၆)ရက်နေ့၊ (၀၉၀၀)အချိန်တွင် ဟုမ္မလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍ ကျင်းပဖွင့်လှစ်သည့် အိုးစည်၊ ဆိုင်း၊ မောင်း(ဆို၊က၊ရေး၊တီး) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နေသည့်မှတ်တမ်းဓါတ်ပုံ
(၆-၇-၂၀၂၆)ရက်နေ့ (၀၈၀၀)အချိန်တွင် ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(Top)အခမ်းအနားသို့ တက်ရောက်နေသည့် မှတ်တမ်းဓါတ်ပုံ
(၃-၇-၂၀၂၆)ရက်နေ့ (၀၈၀၀)အချိန်တွင် ဟုမ္မလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်တို့သည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့၊ အမှတ်(၁) အထက်တန်းကျောင်းမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများနှင့်အတူ ဟုမ္မလင်းမြို့၊ အမှတ်(၁)အထက်တန်းကျောင်းဝန်းအတွင်း၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားသို့ တက်ရောက်နေသည့် မှတ်တမ်းဓါတ်ပုံ
(၂၆-၆-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် ဟုမ္မလင်းမြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား”သို့ တက်ရောက်အမှာစကားပြောကြားနေသည့်မှတ်တမ်းဓါတ်ပုံ
