ဟုမ္မလင်း၊ ဇွန်- ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ဟုမ္မလင်းမြို့ဥရုဂေါ်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းလေတပ်စခန်းဌာန ချုပ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးဦး၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးခွန်ဖိုး တို့က စိုက်ပျိုးပင်များအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး၊ သတ်မှတ်နေရာများတွင် ကျွန်းပင် (၁၂၀)ပင်၊ပျဥ်းကတိုး (၁၀၀)ပင်၊ မယ်ဇလီ (၃၀)ပင်၊ သပြေဘူတ (၅၀)ပင်၊ ခရေ (၅၀)ပင်၊ ကံကော် (၅၀)ပင်၊ စိန်ပန်း (၁၀၀)ပင် စုစုပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန့်၊ အမှတ်(၃) ရှေ့တန်းအခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းနှင့်အဖွဲ့ ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်နှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ဖိုး နှင့်ဝန်ထမ်းများ ၊ခရိုင်အမျိုးသမီးရေးရာရေရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ပပစိုးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင် များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေစောင့်ရှောက်ရေးအသင်းဝင် များ၊ ဟုမ္မလင်းတယ်နယ်မှအရာရှိများ၊စစ်သည်များနှင့်စစ်သည် ရဲ မေများ၊ ဆရာ/မများနှင့်ကျောင်းသား/သူများ စုစုပေါင်း (၅၂၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13

20250606 13