ဟုမ္မလင်း၊ ဇွန် – ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ ကမကထပြုလျှက် ရှမ်းနီယဥ်ကျေးမှုပြခန်းနှင့်ရှမ်းနီလူငယ်စင်တာတည် ဆောက်ရေးအလှူငွေပေးအပ်ပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ဇွန်(၄) ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ရှမ်းနီယဥ်ကျေးမှုပြခန်းနှင့်ရှမ်းနီလူငယ်စင်တာတည် ဆောက်ရေးအတွက် အလှူငွေ ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စေတီဆိပ်ကျေးရွာမှ လုပ်ငန်းရှင်များက ကျပ်သိန်း (၂၉၆၅)ကျပ်လည်းကောင်း၊ ဟွေနားလုပ်ငန်းရှင်းများက ကျပ်သိန်း(၂၀၀)၊ချင်းတွင်း ဥရုရှမ်းနီးလူငယ်ကုမ္ပကီမှ ကျပ် သိန်း (၁၉၀၀)ကိုလည်းကောင်း၊ ဟုမ္မလင်းခရိုင်အဖိုးတန်သတ္တုလုပ်ငန်းရှင်များက ကျပ်သိန်း(၄၀၀)ကိုလည်း ကောင်း စသည့်လုပ်ငန်းရှင်(၈)ဦးမှ အသီးသီးပေးအပ်ရာ တာဝန်ရှိသူ များကလက်ခံရယူခဲ့ကြပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရှမ်းစာပေနှင့်ယဥ်ကျေးမှု ကော်မတီဝင်များ၊ ချင်းစာပေနှင့်ယဥ်ကျေးမှုကော် မတီဝင်များ၊နာဂစာပေနှင့်ယဥ်ကျေးမှုကော်မတီဝင်များ၊မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

20250605 06

20250605 06

20250605 06

20250605 06

20250605 06

20250605 06