မုံရွာ၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရွှေဘိုမြို့သို့ရောက်ရှိနေကြသည့် ရွှေဘိုခရိုင်၊ ကောလင်းခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ရွှေဘိုခရိုင်၊ ကောလင်းခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရွှေဘိုခရိုင်၊ ကောလင်းခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင် အတွင်းမှ နေရပ်စွန့်ခွာပြည်သူ ၆၁၂၅ အတွက် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် တစ်လစာ ထောက်ပံ့ချီးမြှင့်ငွေ – ၁၂၂.၅၀၀၀၀၀ (ကျပ်သိန်းပေါင်း တစ်ထောင်နှစ်ရာ နှစ် ဆယ်ငါးသိန်း)အား အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် ရွှေဘိုခရိုင်၊ ကောလင်းခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘုံရတနာ မင်္ဂလာနန်းတော်သို့ ရောက်ရှိရာ နန်းတော်အတွင်းရှိ အဆောက်အဦများ အတွင်းအပြင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်သွားရေးတို့အား တာ ဝန်ရှိသူများအား မှာကြားကာ နန်းတော်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ပခန်းကျောင်း တိုက်သို့ ရောက်ရှိရာ မြို့နယ်သံဃာ့နာယကအဖွဲ့၊ ဥက္ကဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဿုတ ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20250227 12

20250227 12