မုံရွာ၊ ဇူလိုင် ၁၅

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသား စုဝင်ငွေ တိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်) ၂ ခု ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်း(၁၅)ခုအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်း လုပ်ငန်းတစ်ခုစီမှ ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ ၅ ဦးစီးအား ရွေး ချယ်ပြီး တစ်ဦးလျှင် ကျပ် ၁၄ သိန်းဖိုးနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းသုံး စွဲခွင့်ပြုသွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း သင်ကြားတတ်မြောက်မှုကြောင့် စက်ချုပ်လုပ်ငန်းထူထောင်လို သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝများမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်း များဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်သည့်အပြင် လူသားအရင်းအမြစ်နှင့် နည်းပညာအခြေခံ မိသားစုဝင်ငွေ များ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သင်တန်သား/သင်တန်းသူများ၊ စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်ရေး ကော်မတီဝင်များအားလုံးမှ တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်မှသာလျှင် စီမံကိန်းလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အငယ်စားစီးပွားရေးများပေါ်ထွန်းလာစေရေးစီမံကိန်းလုပ်ငန်းအတွက် ဖွင့် လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ သင် တန်းသုံးပစ္စည်းများအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်စေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ သင်တန်းသုံးပစ္စည်းများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက အငယ်စားစီးပွားရေးများပေါ်ထွန်းလာစေရေးစီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက် ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ ကုန်ကြမ်းပစ္စည်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်စေရေးစီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ ကုန်ကြမ်းပစ္စည်းများအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခင်းကျင်းပြသထားသည့် သင်တန်းတွင် အသုံးပြုမည့် သင်ထောင်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ ကြောင်း သိရသည်။

20250716 01

20250716 01

20250716 01

20250716 01

20250716 01