မုံရွာ၊ မေ ၂၄

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန် ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်၍ လေ့ကျင့်ရေးဘောလုံးများပေးအပ်ကာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်း မှပြန်လည်ထွက်ခွာကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များက တီးမှုတ်ကပြဖျော်ဖြေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာ/ပန်းပွားအဖွဲ့များနှင့် အလံကိုင်/ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကာ တာဝန်ရှိသူများနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်ဘောလုံးအသင်းနှင့် ရွှေဘိုခရိုင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုများအား ကြည့်ရှုအားပေးကြပြီး မုံရွာခရိုင်အသင်းမှ ရွှေဘိုခရိုင်အသင်းအား အနိုင်ရရှိသွား သည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ ၂၃ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်(၁၃)ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၁၅၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

20240525 01

20240525 01

20240525 01

20240525 01

20240525 01

20240525 01

20240525 01