မုံရွာ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ‌ဇွန်လ ၉ ရက်နေ့က မုံရွာမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ၌ ဖြေဆိုကျင်းပလျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဓမ္မာစရိ ယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးအား သွားရောက်တွေ့ဆုံကာ စာမေးပွဲဆိုင်ရာများလျှောက်ထားပြီး တာဝန်ရှိသူများအတူ စာမေးပွဲကြီးကြပ်ဆရာတော် ကြီးများအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာဖြေသံဃာတော်၊ သီလရှင်များအား ဝတ္ထုငွေနှင့်အချိုရည်များ လက်ရောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

20250610 05

20250610 05