မုံရွာ ဇန်နဝါရီ ၅

၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဝန်ထမ်းများနှင့်ပြည်သူများထဲမှ တိုင်းဒေသကြီး၏ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ စားရေရိက္ခာပေါများရေးတို့ အား ဆောင်ရွက်နေမှုများတွင် တစ်ထောင့်တစ်နေရာမှ စွမ်းစွမ်းတမံ ကိုယ်ကြိုးစွန့်လွတ်ဆောင် ရွက်ခဲ့ကြသူများ၊ တီထွင်ကြံဆပါဝင်ကူညီခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ရာတွင် ၂၀၂၁-ခုနှစ်၊ သြဂုတ်လမှ ယနေ့အချိန်ထိ ၆ ကြိမ်မြောက် ရှိလာပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအကျိုးစီး ပွားအားကာကွယ်စောင့်ရှောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အစွမ်း ကုန်ကူညီဆောင်ရွက်ပေးမှု များအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှုထမ်းကောင်းဆု ၁၀၂ ဆု၊ ဇေယျာစီမံထူး ချွန်ဆု(ပထမအဆင့်) ၃၀ ဆု၊ ဇေယျာစီမံထူးချွန်ဆု(ဒုတိယအဆင့်) ၅၄ ဆု၊ ဇေယျာစီမံထူးချွန်ဆု (တတိယအဆင့်) ၄၀ ဆု၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု (တတိယအဆင့်) ၁၁ ဆု၊ ဇေယျာ စက်မှုစီးပွားထူးချွန်ဆု(တတိယအဆင့်) ၅ ဆုနှင့် ဇေယျာလူမှုထူးချွန်ဆု(ဒုတိယအဆင့်) ၃ ဆုနှင့် ဇေယျာလူမှုထူးချွန်ဆု(တတိယအဆင့်) ၄၄ ဆု၊ စုစုပေါင်းဆုရရှိသူ ၂၈၉ ဦးအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးကာ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများသည် ညနေပိုင်းတွင် အဆိုပါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ (၇၇) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ၊ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

20250106 10