မုံရွာ၊ ဖေဖော်ဝါရီ ၇
(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်း ကျောင်းလမ်းနှင့်အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်းစုစုပေါင်း နိုင်လွန်ကတ္တရာ လမ်း ၄ လမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါလမ်း သစ်မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုလွင်တို့က ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ စေျးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင် မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်းအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင် ကျောင်းလမ်း၊ စေျးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာ လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည် သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်းသည် အရှည် – ၁၂၆၀ ပေ၊ အကျယ် – ၁၄ ပေ၊ ၃ လက်မခွဲထု၊ စေျးလမ်းသည် အရှည် – ၁၉၂၀ ပေ၊ အကျယ် – ၁၄ ပေ၊ ၃ လက်မခွဲထု၊ ယွန်းကျောင်းလမ်းသည် အရှည် – ၁၃၇၀ ပေ၊ အကျယ် – ၁၄ ပေ၊ ၃ လက်မခွဲထုနှင့် အောင်မင်္ဂလာ ရပ်ကွက်၊ မြိုင်ဝေဆာလမ်းသည် အရှည် – ၈၅၀ ပေ၊ အကျယ် – ၁၄ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်းများဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင် ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာထက်တန်းကျောင်းဝန်းအတွင်းရှိ ဘောလုံး ကွင်းပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး KG ကျောင်းသား/သူများကို ကျောင်းတွင်းအာဟာရကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


