မုံရွာ၊ မတ် ၁၉

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်သည့်လမ်းသည် ကျောက္ကာလမ်း၏ ယာဉ်ကြောရှုပ်ထွေးမှုအား လျှော့ချနိုင်သကဲ့သို့ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ဌာန ဆိုင်ရာရုံးများ၊ လူနေအိမ်များနှင့် အများပြည်သူတို့အတွက် များစွာအကျိုးရှိသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူလူထုတို့နှင့်အတူ ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးအား အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ် ပန်ဆင်ပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးစီးပွားများကို ဦးတည်ကြိုးပမ်း ဆောင်ရွက် လျှက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ကြီးအား ခေတ်နှင့်အညီ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် ဒေသတွင်းနေ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းလက်တွဲ ကူညီဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွန်ကြားရေးမှူး ဦးထွန်းထွန်းက စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးတို့က စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့် အတူ အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ အားလည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ကြပြီး စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အရှည် – ၉၇၁၀ ပေ၊ အကျယ် – ၁၆ ပေ၊ ၃ လက်မခွဲထုဖြစ်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တံတားအထူး အဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသည့် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန် ပတ်လမ်းပေါ် ရှိ ဗိုလ်ချုပ်လမ်းနှင့်အပြိုင် အရှည် (၅၀) ပေ၊ အကျယ်(၂၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။

ဦးစွာ တံတားအထူးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တံတားတည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20240320 01

20240320 01

20240320 01

20240320 01

20240320 01

20240320 01