မုံရွာ မတ်၊ ၆

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက ၃.၉၂ ဧကအကျယ်၌ တည်ဆောက်ခဲ့ သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်ပွဲအခမ်အးနားကို မတ်လ ၆ ရက်၊ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်တို့က မော်တော် ယာဉ်ရောင်းဝယ်ရေးစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်တော် ယာဉ်ရောင်းဝယ်ရေးစင်တာအတွင်းရှိ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် အရောင်း ဆိုင်များ၊ အပိုပစ္စည်းဆိုင်များ၊ ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များ၊ ရေဆေးဆီလိုက် လုပ်ငန်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချနေမှုများနှင့် ရောင်းချမည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှုတ်ဆက် ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်တွင်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်ပြီး အထက်ချင်းတွင်းဒေသများအတွက် အဓိက ကုန်စည်စီးဆင်းရာ မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ရေကြောင်းလမ်း လေကြောင်းလမ်း မီးရထားလမ်း ကုန်းလမ်းများအားလုံး အသုံးပြုနိုင်သည့်အတွက် ရေယာဉ်လိုင်း (၂၄)လိုင်း၊ မော်တော်ယာဉ်လိုင်း(၉၀)လိုင်းရှိပြီး လမ်းပန်းဆက်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအပန်းဖြေ အနားယူနိုင်စေရန်အတွက် မုံရွာမြို့ပေါ်ရှိ အထင်ကရနေရာများအား ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ပေးခြင်း၊ နေရာသစ်များဖော်ဆောင်ပေးခြင်းလုပ်ငန်းများအား ဌာနဆိုင် ရာများ၊ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို မော် တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍ ယာဉ်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဆက်စပ်ပစ္စည်း များဝယ်ယူခြင်း၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ အသစ်ဝယ်ယူခြင်းနှင့် ယာဉ် များရေဆေးဆီလိုက်ပြုလုပ်ခြင်းတို့အား တစ်နေရာတည်းတွင် အဆင်ပြေစွာဆောင်ရွက် နိုင်တော့မည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိ၏မြို့အား အစဉ်သန့်ရှင်း သာယာစိမ်းလန်းကာ အမြဲလှပဖွံ့ဖြိုးတိုးတက်နေသည့် မြို့တော်ကြီးဖြစ်အောင် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်ခဲ့မှုလုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20260309 01

20260309 01

20260309 01

20260309 01