kalay data 01
(၁၉-၈-၂၀၂၆)ရက်နေ့၊ (၁၄၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ပြည်ထောင်စုလမ်းမီးပွိုင့်လမ်းဆုံ၌ ဖြတ်သန်းသွားလာနေသော ပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး အသိပညာပေးလုပ်ငန်းများအား မြို့ပေါ်ဈေးများ၊ ကျောင်းများ၊ လမ်းဆုံများနှင့် လူစည်ကား သည့်နေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရန် တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၈-၈-၂၀၂၆)ရက်နေ့၊ (၁၀၀၀)အချိန်တွင် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး) ဦးလှမိုးဦးနှင့် လေလံတင်ရောင်းချရေးကော်မတီအဖွဲ့တို့သည် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ချယ်ရီအောင် အမည်ပါ မော်တော်ရေယာဉ်နှင့် ထွန်းမင်းဖြိုး အမည်ပါ မော်တော်ရေယာဉ်(၂)စီးအား လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့မှုမှတ်တမ်းဓါတ်ပုံ
(၃-၈-၂၀၂၆)ရက်နေ့၊ (၀၉၀၀)အချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်သည် မုံရွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ (မြို့နယ် ရဲတပ်ဖွဲ့မှူး)၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးများနှင့်အတူ မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ ဒေါ်စိုးနန္ဒာဦး၏ စက်မှု/ စီးပွားမြေငှားဂရန် ခွင့်ပြုမိန့်ရရှိသည့် မြေကွက်အပေါ် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်းဓါတ်ပုံ
(၆-၇-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် မုံရွာမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ သင်တန်းပို့ချနေမှု မှတ်တမ်းဓါတ်ပုံ
(၃-၇-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၆)တွင် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ရည်မှန်းချက်များအား သင်တန်းပို့ချနေမှု မှတ်တမ်း ဓါတ်ပုံ
(၁-၇-၂၀၂၆)ရက်နေ့၊ (၁၄၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ မုံရွာမြို့၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံ
(၂၉-၆-၂၀၂၆)ရက်နေ့၊ (၀၉၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဦးတင်သန်းဝင်းဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဓါတ်သတ္ထု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းစိစစ်ရေးအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါကြောင်း

(၂၉-၆-၂၀၂၆)ရက်နေ့ ၊ နံနက်(၀၈၀၀)အချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား

(၂၆-၆-၂၀၂၆)ရက်နေ့၊ (၀၈၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဦးတင်လှိုင်မြင့် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်သည် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်တွင်(၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် World MSME Day အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန် ပစ္စည်းများ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့မှုမှတ်တမ်းဓါတ်ပုံ