မုံရွာ၊ မေ ၂

စစ်ကိင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မေလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတစ် လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေး၊ ကမ်းနားလမ်းတစ်လျှောက် ပတ် ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စေရေး၊ တာရိုးများပေါ်ရှိ ကွန်ကရစ်လျှောက်လမ်းများ ကောင်းမွန်စေပြီး မြို့နေပြည်သူများ လမ်းလျှောက် အပန်းဖြေပြုလုပ်နိုင်ရေးနှင့် လျှပ်စစ်မီးတိုင်များ၊ ခုံများနှင့် ပန်းအလှပင်များ ပြန်လည်ပြု ပြင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ ချင်းတွင်းမြစ်အတွင်းမှ မြစ်ကြောင်းများတွင် မော်တော်၊ သင်္ဘောများ ရာသီမရွေးသွားလာနိုင်ရေး၊မြစ်ကမ်းများ ရေတိုက်စားပြီး ကမ်းများပြိုကျမှုမရှိစေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းရှင်များအနေဖြင့် ချင်းတွင်းမြစ်အတွင်းမှ မြစ်သဲ၊ ကျောက် ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ် ကိုင်ဆောင်ရွက်သွားကြရန်နှင့် ချင်းတွင်းမြစ် ရေစီးရေလာကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အလေးထား လုပ် ကိုင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ချင်းတွင်းသင်္ဘောကျင်းဌာနခွဲသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့်ရင်း ရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် ဆိပ်ကမ်းတွင် ထားရှိသည့် သင်္ဘောအဟောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးသို့ ရောက်ရှိရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားပြည်သူများဘေးကင်းစွာဖြင့် သွားလာနိုင်ရေး၊ ရေကြောင်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေယာဉ်များစနစ်တကျသွား လာနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် တာဝန်ရှိသူအား လုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြးရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်မှ မုံရွာဘူတာအထိ ရထားသံလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ သန့် ရှင်းသပ်ရပ်မှုရှိစေရေးတို့အား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ရှိ ပုဂ္ဂလိကဆေးရုံများ၊ ကမ်းနားလမ်းသာယာရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုး တက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ရှေးဦး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ပုဂ္ဂလိကဆေးရုံများအနေဖြင့် မိမိ တို့၏ဆေးရုံ အတွင်းအပြင်နှင့် ဆေးရုံပတ်ဝန်းကျင်အား သန့်ရှင်းသပ်ရပ်အောင် ဆောင် ရွက်သွားရေး၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား သတ်မှတ်နေရာများသို့ စနစ်တကျ ထုတ်ပိုးကာစွန့်ပစ် သွားရေး၊ ဆေးရုံသုံးရေဆိုးများအား သန့်ရှင်းအောင်ဆောင်ရွက်ပြီး ပတ်ဝန်း ကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားရေးတို့အား ဆေးရုံတာဝန်ရှိသူများမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ချင်းတွင်းမြစ်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နေပြည်သူများ၊ ဌာနဆိုင်ရာများ၊ မော်တော်တည်ဆောက်သူများနှင့် မြစ်သဲ၊ကျောက်လုပ်ငန်းရှင်များမှပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင် ရွက်သွားရေး၊ ကမ်းနားလမ်းအမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်သွားသွားကြရန် လိုပ်အပ်ပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်စေရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများ၊ မြစ်သဲ၊ကျောက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260504 39

20260504 39

20260504 39

20260504 39

20260504 39

20260504 39