slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ကန့်ဘလူမြို့နယ်ရှိ စိုက်ပျိုးရေး/မွေးမြူရေး လုပ် ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး တက်ရောက်

မုံရွာ၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီး ပရိယတ္တိစာတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသ နာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-မြေထူး ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားရှိသည့် သီးနှံ များ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် ဓါတ်မြေဩဇာများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကင်းတပ် လက်ဝဲ တူးမြောင်း လက်တံအမှတ်(၃)၊ အမှတ်(၄)၊အမှတ်(၅)မြောင်းတို့မှ စိုက်ပျိုးရေဖြန့်ဝေမှုများဖြင့် မြောင်းဘောင်တစ်လျှောက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် မိုး စပါးစိုက်ခင်းများ၊ ငဲစဉ်းငုံစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး သည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကင်းတပ်လက်ဝဲတူးမြောင်းမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု၊ သာယာတဲစုကျေးရွာရှိ ကန်ဧရိယာ (၃၆.၈၈)အတွင်း မွေးမြူရေးလုပ် ငန်းရှင် ဦးသန်းလိူင် မွေးမြူထားရှိသည့် ငါးတန်၊ ငါးမုတ်၊ ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ – ၇၅၀၀၀ ကောင်မွေးမြူရေးကန်သို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ကန်များအတွင်း ငါးမွေး မြူထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က ဒေသ ခံပြည်သူများ ငါးစားသုံးမှုဖူလုံပြည့်ဝစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချသွားရေးနှင့် ငါး များတိုးချဲ့မွေးမြူသွားရေးတို့အား တာဝန်ရှိသူများများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-တောက္က ရှပ်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးရွှေ၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ဥစားကြက်များမွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးအစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ကျန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ ကန့်ဘလူခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာများမှ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေ ဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီး စီးရေး၊ ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေများ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် နေရာများတွင် စနစ်တကျသုံးစွဲသွားရေးနှင့် တာဝန်ရှိသူများမှ တည်ဆောက်လုပ်ငန်းများအား မြေပြင်အထိကွင်းဆင်းကြီးကြပ် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့စိုက်ပျိုး၊မွေးမြူလုပ်ကိုင်လာစေရန် စိုက်ပျိုးရေးတောင်သူများနှင့် မွေးမြူ ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများမှ အသိပညာများပေး ကာ စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေ ဖြင့်လည်း ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လိုအပ် သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ကန့်ဘလူမြို့နယ်ရှိ စိုက်ပျိုးရေး/မွေးမြူရေး လုပ် ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်း နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၃)ညောင်အိုင်ရပ်ကွက်ရှိ တောင်သူ ဦးနိုင်ဦး၊ ရေဆင်းပဲစဉ်းငုံ-၉ ၊ ၄ – ဧက စိုက်ခင်း အတွင်း ကျင်းပပြုလုပ်သည့် ပဲစဉ်းငုံမျိုးစေ့ထုတ်ကွက် သဘာဝပိုးသတ်ဆေး ပတ်ဖျန်းအသုံးပြု ခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ ပဲစဉ်းငုံမျိုးစေ့ထုတ်ကွက် သဘာဝပိုးသတ်ဆေး ပတ်ဖျန်းအသုံးပြုခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သွင်းအားစုဓါတ်မြေ ဩဇာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ ဦးနိုင်းဦး စိုက်ပျိုးထားရှိသည့် ရေဆင်း-၁ စပ်မျိုးနေကြာ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကန့်ဘလူ စိုက်ပျိုးခြံတွင် ကျင်းပပြုလုပ်သည့် ရေဆင်း(၁)စပ်မျိုးနေကြာ၊ မျိုးစေ့ထုတ်လုပ်ခြင်းစိုက်ခင်းသို့ ရောက်ရှိရာ ဒေသခံတောင်သူများနှင့်အတူ နေကြာခင်း ၁၂ ဧကအတွင်း သွင်းအားစုဓါတ်မြေဩဇာများ ပတ်ဖျန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်မောင်းဆီများရရှိရေး၊ သွင်းအားစုဓါတ်မြေ ဩဇာများရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ ရရှိစေရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ “ဖိုးချောကြီး” နွားမွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းလိူင်မှ ခြံအတွင်း မွေးမြူထားရှိသည့် နွားပြာစိမ်းကောင်ရေ(၃၅)ကောင်နှင့် Bramhman အသားစားနွား(၂၅) ကောင် မွေးမြူထားရှိမှုများနှင့် တိရိစ္တာန်အစာအဖြစ် စိုက်ပျိုးထားရှိသည့် နေဗီယာမြတ်များ စိုက် ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်း များအား ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူသွားရေး၊ တိရိစ္တာန်အစာများ စိုက်ပျိုးထုတ်လုပ် သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးခင်မောင်ဝင်း မွေးမြူထားရှိသည့် နွားပြာစိမ်းကောင်ရေ – ၁၀၀ ကောင် မွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်များမှ ခြံအတွင်းနွားများ မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာရှိ ဦးချိုးသိန်း မွေးမြူထားရှိသည့် အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ အသားတိုးဝက် ကောင်ရေ – ၂၅၀ ကောင် မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်း ပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသားတိုးဝက် မွေးမြူလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင် ဆောင်ရွက်မသွားရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံမှ ချေးငွေများရရှိရေး၊ တိရိစ္တာအစာ များရရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျမွေးမြူသွားရေးတို့အား တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာမြေငှားဂရမ်များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရလက်ထက် ပထမရက် (၁၀၀)ကာလ အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ပြည်သူများ၏ မြေယာပိုင်ဆိုင်မှုအခွင့်အရေး ခိုင်မာမှု ရရှိစေရေးအတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် မြေငှားဂရမ်ထုတ်ပေးခြင်းလုပ်ငန်းအား လုပ်ငန်း စဉ်အဆင့်ဆင့်အလိုက် ဆောင်ရွက်ခဲ့ရာ ယနေ့ဆိုလျင် မြေငှားဂရမ်ထုတ် ပေးနိုင်သည့်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာမြေငှားဂရမ်ရရှိသူများ အနေဖြင့်လည်း မိမိတို့ရရှိသည့် မြေငှားဂရမ်များအား အလေးထား တန်ဖိုးထားသွားကြရန် လို အပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကန့်ဘလူခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက ကျေးရွာ မြေငှားဂရမ်များ ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိတ္တူကျေးရွာရှိ အိမ် ခြေ(၉၉)အိမ်အတွက် ဒေသခံပြည်သူများထံ ကျေးရွာမြေငှားဂရမ်များ ပေးအပ်ခဲ့ကြပြီး ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးရှိ “ရွှေဆည်မြိုင်” ခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ ဒေသခံပြည်သူများ လူနေ မှုဘဝများမြင့်မားတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအား တာဝန် ရှိသူများနှင့် အလေးထားကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း ကန့်ဘလူခရိုင်အတွင်းရှိ မြို့၊ရပ် ကွက်၊ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လမ်းပန်းဆက် သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံမြို့မိမြို့ဖများ၊ ပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအနေဖြင့်လည်း ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ပွင်းလင်းမြင်သာစွာ ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ကန့်ဘလူခရိုင် အတွင်းရှိမြို့များ၊ ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူမြို့ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “စိန်နဒီ” ချည်အမျိုးမျိုးနှင့်ကချင်ထည် စက်ယက္ကန်း၊ လက် ယက္ကန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း စက်ယက္ကန်း/လက်ယက္ကန်း ချည် ထည်အမျိုးမျိုး ယတ်လုပ်နေမှုများ လုပ်ငန်းများနှင့် ကုန်ချောအအထည်များအား လိုက်လံရှင်း လင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ “ခန့်ညာရတနာ”ဆန်စက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဆန်စပါးများကြိတ်ခွဲနေမှု လုပ်ငန်း များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.