slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမ ယ် ၄ မျိုး ဆက်ကပ်လှူဒါန်းခြင်း၊ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွားရောက်ကြည့်ရှု

မုံရွာ၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၅ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၈ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ဆွမ်းဟင်းနှင့်
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များမှ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာ ထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များမှ ဆွမ်း၊ဆွမ်းဟင်း နှင့်ဆွမ်းဆန်စိမ်းများလောင်းလှူရန် ပြင် ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များမှ ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာ လေးများအား ဆွမ်းဆန်စိမ်း၊စားသုံးဆီနှင့် ဝတ္ထုငွေများအား ဆက်ကပ်လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ မုံရွာမြို့၊ လယ်တီရပ် ကွက်ရှိ လယ်တီကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္တဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ လှူ ဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြ သာစည်ရပ်ကွက်ရှိ နိဂြောဒါရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တတေဇနိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာဝန်ရှိသူများနှင့်အတူ ပင့်သံဃာဆရာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်း မြသာစည်ရပ်ကွက်ရှိ မဏိရတနာပုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တဝိသုဒ္ဓ ဆရာ တော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာဝန်ရှိသူ များနှင့်အတူ ပင့်သံဃာဆရာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄မျိုးတို့အားဆက်ကပ်လှူဒါန်းကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ကုတင် ၅၀၀ဆံ့ ပြည်သူ့ဆေးရုံ ကြီးတွင် ကျင်းပပြုလုပ်သည့် သဲဖြူဆရာတော်ကြီးအား အမှူးထား၍အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွား ရောက် ကြည်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိဝေဒနာ ရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲစိတ် လူနာများအား နေကာမျက်မှန်များနှင့် သောက်ဆေးများအား လိုက်လံပေးအပ်ကာ မျက်စိ ဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့ခင်းစာ ထမင်း၊ဟင်းနှင့်သောက်ရေသန့်ဗူးများအား လိုက် လံပေးအပ်ခဲ့ကြသည်။

အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်း စားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် စမ်းသပ် ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေးသွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်လူနာ ၆၇၀ ဦး၊ အကြီးစားခွဲစိတ်လူနာ ၅၄ ဦး၊ အသေးစား ခွဲစိတ်လူနာ ၈ ဦး အား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ စမ်းသပ်ပြင်ပလူနာ ၁၉၉၂ ဦး၊ အကြီးစားခွဲစိတ်လူနာ ၁၅၁ ဦး၊ အသေးစားခွဲစိတ်လူနာ ၃၃ ဦးတို့အား စမ်းသပ်ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။

20250902 13

20250902 13

20250902 13

20250902 13

20250902 13

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံ ကြည့်ရှုပြီး ကန့်ဘလူမြို့အတွင်းမွေးမြူရေးဆိုင်ရာလုပ်ငန်းများ လိုက်လံကြည့်ရှု

မုံရွာ၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးမှလာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော် ကြည်ညိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ဂေါပကအဖွဲ့ဝင်များ စည်ပင် သာယာရေးအဖွဲ့များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ကန့်ဘလူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းများအသင်းမှ စားသုံးဆီများအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့အငှားအိမ်ရာ ၈ ခန်းတွဲ ၄ထပ် တည်ဆောက် နေမှုနှင့် ၈ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊အမှတ်(၃) ရပ်ကွက်ရှိ ဦးသောင်းငွေ မွေးမြူထားရှိသည့် ပြာစိမ်းနွားမျိုးကောင်ရေ ၄၅၀ ကောင်နှင့် ကျွဲ ၅၀ ကောင် မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ နွား/ကျွဲများမွေးမြူ ထားရှိမှုအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်သီတာလင်း၏ ခြံလှောင်စနစ်ဖြင့် အသားတိုးဝက်ကောင်ရေ ၂၀၀ ကျော် မွေးမြူထားရှိမှုခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ အသားတိုးဝက်များ မွေးမြူထား ရှိမှုအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်း ပြသ မှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

20250902 08

20250902 08

20250902 08

20250902 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.