၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေအား အားကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကာ ကန့်ဘလူမြို့ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ တစ်ရက်လျှင် ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဖန်း ဆိပ်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သဖန်းဆိပ်ဆည် ရေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နေမှုများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလိုက်လံ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ စက်ရုံ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဖန်းဆိပ်ရေ လှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ့ရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက သဖန်းဆိပ်ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ သဖန်းဆိပ်ရေ လှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေများနှင့် ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လည်း မိမိတို့တာဝန်ယူထမ်းဆောင်နေစဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူများနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြား ခဲ့သည်။
ထို့နောက် ကျန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက မြို့ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း မြို့မိမြို့ဖများက ကျွန်းလှမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးလိုမှု အခြေအနေများအား လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ကျွန်းလှမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ အားရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ တောင်သူ ဦးခင် စိုက်ပျိုးထားရှိသည့် ပဲဇဉ်းငုံ ၁.၅၀ ဧက စိုက်ခင်း အတွင်း ပိုက်ဆံလျှော်မျိုးစေ့ သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ သို့်တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ပဲဇဉ်းငုံခင်းအတွင်း ပိုက်ဆံလျှော် မျိုးစေ့ သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ “ဖိုးချောကြီး” ကျွဲ/နွား မွေးမြုရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ ခြံလှောင်စနစ်ဖြင့် ကျွဲ/နွားများ မွေးမြူထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား လိုက်လံရှင်း လင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ခြံပိုင်ရှင် ဦးနေမျိုးသူ မွေးမြူထားရှိသည့် အသားစားကြက်(CP)ကောင်ရေ ၂၀၀၀ မွေးမြူ ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ တစ်ရက်လျှင် စပါးတန် ၃၀ ကြိတ်ခွဲနေသည့် “ခန့်ညားရတနာ”ဆန်စက်သို့ ရောက်ရှိရာ ဆန်စက်တာဝန်ခံမှ ဆန်ကြိတ်ခွဲနေမှုများအား လိုက်လံရှင်းလင်းပြသရာ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)သင်တန်းဆင်းပွဲ အခမ်း အနား တက်ရောက်
မုံရွာ၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)သင်တန်းဆင်းပွဲ အခမ်း အနားကို ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်း များအား ယမန်နှစ်များနှင့်နည်းတူ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စဉ်စီဆောင်ရွက် ထားရှိပါကြောင်း၊ မိသားစုအလိုက် ဝင်ငွေရရှိမှသာ ဆမ်းရဲနွမ်းပါးမှုလျော့ချပြီး ကလေးသူငယ်များ လုပ်ငန်းခွင်အတွင်းဝင်ရောက်မှု လျော့ပါးပြီး ကျောင်းပြင်ပရောက်နေကြသည့် ကလေးများ ပညာရေးလက်လှမ်းမီစေရန် ကလးအလုပ်သမား ပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များဖြင့် ဝင်ငွေရရှိစေမည့် အလုပ်အကိုင်များ ရရှိကြရန် နှင့်မိမိတို့ဘဝ လုံခြုံမှုအတွက် အထောက်အပံ့ကောင်းများ ရရှိကြစေရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကသင်တန်းသား၊သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင် တန်းမှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်းပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကသင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် လူသုံးကုန်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နှင့် လက်ဆေးရည် အမျိုးမျိုးတို့အား ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဠက ကန့်ဘလူ ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖတစ်ဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးလိုမှုလုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုး ရအဖွဲ့အနေဖြင့် ကန့်ဘလူခရိုင်အတွင်း လုံခြုံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSMEs လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကန့်ဘလူမြို့နှင့်ကျွန်းလှမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် မြို့လုံခြုံ ရေးတာဝန် ထမ်းဆောင်နေကြသည့်အဖွဲ့များအား ချီးမြှင့်ငွေများ အသီးသီးပေး အပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများက အဟာရပြည့်စားသောက်ဖွယ်ရာများ လိုက်လံပေး အပ်ခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်းများအတွက် ဆေးရုံအုပ်ကြီး ထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



