slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တ

မုံရွာ၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ် (၂၆)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နေပြည်တော်အဆင့်တွင် အခြေခံပညာ ၁၀-၁၅ ၊ ၁၅-၂၀ နှင့် အဆင့်မြင့် ပညာအဆင့်ဟူ၍ အဆင့်(၃)ဆင့်ဖြင့်သာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကြီးအောင်နိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ အောင်နိုင်ရေးကော်မတီဝင် များ၊ အနုပညာရှင်ကြီးများက အချိန်ကိုတန်ဖိုးထားပြီး အတွေ့အကြုံရှိကြသူများပီပီ ယခင် နှစ်များမှ အောင်မြင်မှုစံချိန်အတိုင်းရရှိအောင် အလေးထားပူးပေါင်းဆောင်ရွက် ကြရန်လို အပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခင်နှစ်ပြိုင်ပွဲအတွေ့အကြုံအရ အားနည်းချက်၊ ချို့ယွင်းချက်များအား သင်ခန်းစာယူပြီး ယခုနှစ်တွင်ပိုမို၍ ယှဉ်ပြိုင်မှု အရည်အချင်းကောင်းမွန်စေရန်နှင့် စည်းကမ်းကောင်းမွန်စေရန် ပြိုင်ပွဲကြီး၏ ဦးတည်ချက်များအား အထမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် ပြိုင်ပွဲစဉ်များအား အတန်းစုံ၊ဘာသာရပ်စုံ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဗဟိုပြိုင်ပွဲမှ သတ်မှတ်ပေးထားသည့် ညွှန်ကြားချက် များနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာနှင့်အညီ ရွှေတံဆိပ်များပိုမိုရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌများဖြစ်သည့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ထားမှု အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းကော်မတီများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုလုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ မိမိတို့ခရိုင်များအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်း ခရိုင်များရှိ အနုပညာရှင်ကြီးများမှ ပြိုင်ပွဲများတွင်ဘာသာရပ်များအလိုက် ဝင်ရောက်ယဉ်ပြိုင်သွား မည့်အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အခြေခံသင်တန်းများနှင့် ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းများအား ဖွင့်လှစ် ပို့ချပေးလျက် ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ် ငန်းများအား ဆောင်ရွက်ရာတွင်လည်း အစိုးရ၏တာဝန်တစ်ခုတည်းသာမဟုတ်ဘဲ အဖွဲ့ အစည်းအသီးသီးနှင့် အမျိုးသမီးများ၊ လူငယ်များစသည့်တို့အပါအဝင် လူတန်းစားအမျိုး မျိုးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူ များအနေဖြင့်လည်း ယခုသင်တန်းမှပို့ချပေးခဲ့သည့် သင်တန်းစာများအား သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင်အသုံးချကာ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား အသိ စိတ်ဓါတ်ရှိရှိဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှက်များအား ပေးအပ်သည်။

ထို့နောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားကာ သင်တန်းသား/သင်တန်းသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်း၌ သင်တန်းသား/သင်တန်းသူ ၂၆ ဦးအား ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်းသိရသည်။

20250826 19

20250826 19

20250826 19

20250826 19

20250826 19

20250826 19

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား နှင့်ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ် ၂၄

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးအား နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက် ရည်ရွယ်၍ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်း ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်း များ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရေပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက မယ်ဇယ်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများက သက်မှတ်နေ ရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကစုပေါင်းသစ်ပင်စိုက်ပျိုး ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်လာသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ ဝန်းအတွင်း ၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သား အရွယ်ရှိ သစ်မျိုး ၅ မျိုး၊ စုစုပေါင်းပျိုးပင် ၁၀၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်များနှင့်ချောင်း များအတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများငါးစားသုံးမှုဖူလုံစေရန်အတွက် ရည်ရွယ်၍ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက် ထည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ချင်းတွင်းမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေ ၅၀၀၀၀ (ငါးသောင်း)နှင့် ထိုင်းငါးခုံးမကြီးကောင် ရေ ၁၀၀၀၀ (တစ်သောင်း) စုစုပေါင်းငါးသားပေါက်ကောင်ရေ ၆၀၀၀၀ (ခြောက်သောင်း)တို့အား တပျော်တပါး စိုက်ထည့်ပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅-ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ – ၇၅၀၀၀၀ (ခုနှစ်သိန်းငါးသောင်း)ကောင်ရေအား မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် သဘာဝရေပြင်များ အတွင်း ငါးမျိုးများစိုက်ထည့်ပေးသွားမည်ကြောင်း သိရသည်။

20250826 14

20250826 14

20250826 14

20250826 14

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.