slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံရှေးဦးသူနာပြုစု ခြင်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၆

မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ သင် တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် လူသားချင်းစာနာစိတ်၊ ကြင်နာသနားစိတ်၊ ရိုင်းပင်းကူညီလိုစိတ်၊ ထောက်ပံ့ ပေးကမ်းလိုစိတ်နှင့် ပြည့်စုံသည့် အသင်းတစ်သင်း ဖြစ်ပါကြောင်း၊ ယခုအသင်းကြီး၏ ဆောင်ရွက်ချက်များအား နိုင်ငံတော်အနေဖြင့် အစဉ်တစိုက် အသိအမှတ်ပြု အားပေးနေ သကဲ့သို့ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း အသိအမှတ်ပြုအားပေးလျက် ရှိပါ ကြောင်း၊ မုံရွာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ သင်တန်းဆင်းမည့် သင်တန်းသား တပ်ဖွဲ့ဝင်များအနေဖြင့် အသင်း၏အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် အသင်း၏ လုပ်ငန်း စဉ်များအား စိတ်ပါလက်ပါ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်ကြက်ခြေနီများ ဖြစ်ပါ ကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာများအား အကျိုးကျိုးရှိရှိအသုံးချပြီး စံပြကြက်ခြေနီများအဖြစ် ကြိုးစားထမ်းဆောင်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာတက္ကသိုလ် အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပါမောက္ခချုပ်ထံ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မုံရွာတက္ကသိုလ်ပါမောက္ခချုပ်က ကြက်ခြေနီသင်တန်း ဆရာ/ဆရာမ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့ ဥက္ကဌက သင်တန်းဆင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ကာ မုံရွာတက္ကသိုလ် ကြက်ခြေနီအသင်းခွဲအတွက် ဆေးဘူး များပေးအပ်ခဲ့သည်။
ဆက်လက်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

20250819 15

20250819 15

မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဝါဆိုဝါကပ်တော်မူကြသည့် သက်တော်ရှည်ဆရာ တော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက် အခဲမရှိ စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်းသိရသည်။

ဦးစွာ မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ရွှေဥဒေါင်း ကျောင်းတိုက်ကြီးတွင် ကျင်းပရာ ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနား အားဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ရွှေဥဒေါင်းကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တမာဃဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များ က ငါးပါးသီလခံ ယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မဟာဇောတိကာရာမကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာန နာယက ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရန်ကင်း ရပ်ကွက်ရှိ ရန်ကင်းကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တ တေဇနိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ညွှန်ကြားရေးမှူးများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

20250819 13

20250819 13

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.