၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းများသို့ သွားရောက်၍ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ် ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်းရှိ စက်ရက်ကန်း၊ လက်ရက်ကန်း များဖြင့် သင်တန်းသား၊သင်တန်းသူများအား အဝတ်အထည်အမျိုးမျိုး ရက်လုပ်သင်ကြား ပေးနေမှုများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေများ တစ်ဖက်တစ်လမ်းမှရရှိ စေရန်အတွက် စက်ရက်ကန်း၊ လက်ရက်ကန်း သင်တန်းများနှင့် စက်ပြင်သင်တန်းများ အား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပို့ချသွားရေး၊ တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူများ သင်တန်းများသို့ အခက်အခဲမရှိ တတ်ရောက်သင်ကြားနိုင်ရေးအတွက် မြေပြင်အထိကွင်းဆင်းကာ လိုအပ်သည်များ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားရေး၊ အဝတ်အထည်များ ဒီဇိုင်းများဆန်းသစ်စွာဖြင့် ရက်လုပ်သွားရေး၊ သင်တန်းကျောင်း၊ သင် တန်းဆောင်များနှင့် သင်တန်း သား၊သင်တန်းသူ အိပ်ဆောင်များ၊ စားဆောင်များ ပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စက်ရက်ကန်း၊ လက်ရက်ကန်းများအား ကြံ့ခိုင်မှုရှိစေ ရေးတို့အတွက် အမြဲအလေးထား ဆောင်ရွက်သွားရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စက်ချုပ်သင်တန်း ခန်းမနှင့် သင်တန်းသား၊သင်တန်းသူများကိုယ်တိုင် ရပ်လုပ်ထားသည့် အဝတ်အထည် အမျိုးမျိုးနှင့် အသုံးအဆောင်ပစ္စည်းများအား လိုက်လံကြည်ရှုခဲ့ကြပြီး သင်တန်းသား၊သင် တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းသား၊ သင်တန်းသူများ၏ ပညာသင်နှစ်အလိုက် ပညာသင်ကြားနေမှုများနှင့် ကွန်ပျူတာဘာသာရပ် သင်ကြားနေမှု များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသ မှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်များ စနစ်တကျထားရှိမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံ ရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက်အကောင်အထည်ဖော်ရေး ကော်မ တီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူ ရေးကဏ္ဍ မြှင့်တင်ရေးအတွက်အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက်အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် ကုန်သည်၊စက်မှုလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ မြှင့်တင် ရေးအတွက်အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝ စေရန်သာမက စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကော်မတီ အဖွဲ့ဝင် အားလုံးမှ လုပ်ငန်းများအောင်မြင်အောင် ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင်အမှန်တကယ်လုပ်ကိုင်ဆောင်ရွက် နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကိန်းဂဏန်းစာရင်းမှန်ကန်စေရေးနှင့် စိုက် ပျိုးရေး၊မွေးမြူရေးကဏ္ဍမှသည် ပြည်သူများအတွက် အသုံးဆောင်ပစ္စည်းများ၊ ကျန်းမာ ရေးအတွက် ဆေးဝါးများနှင့် အဟာရပြည့်စားသောက်ကုန်များ ထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ၊ရေများအား အကျိုးရှိရှိအသုံးချ ကာ သီးထပ်သီးနှံများစိုက်ပျိုးသွားရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုး၊ မြေဩ ဇာများနှင့် သွင်းအားစုများအား ဒေသခံတောင်သူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် သွားကြရန်နှင့် အသား/ငါး/ဥ မွေးမြူရေးလုပ်ငန်းများကိုလည်း ပိုမိုတိုးချဲ့မွေးမြူထုတ်လုပ် သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနများအလိုက် စီမံချက် များ စနစ်တကျရေးဆွဲကာ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက်အကောင်အထည်ဖော်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကုန်သည်၊စက်မှု လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိ သူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံ ရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် မိမိတို့ဌာနများအလိုက် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



