slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ အမှတ် (၇)အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်

မုံရွာ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အမှတ်(၇)အခြေခံပညာမူ လတန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချ ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူ များအား နံနက်စာ ကော်ဖီ၊အကြော်နှင့် ကောက်ညှင်းပေါင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။

20250819 09

20250819 09

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး ဈေးရုံအဆောက် အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံသစ် အဆောက်အဦသစ်ရှေ့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာနှင့်စိုက်ပျိုး၊မွေးမြူရေး အထက်တန်း ကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့ပေါ်ရှိ ဈေးရုံ အဆောက်အဦသစ်များ အဆင့်မြှင့်ဆောက်လုပ်ပေးခြင်းကြောင့် ဈေးဆိုင်ခန်းရှင်များ အနေဖြင့် ခေတ်မီအဆောက် အဦများတွင် စတစ်တကျ စည်းကမ်းရှိစွာ သန့်ရှင်းသပ်ရပ် သွားဖြင့် ဈေးရောင်ဝယ်ဖောက်ကားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်ရန်အတွက် ပြည်သူ့ဥယျာဉ်တစ်ခု တည်ဆောက်ပေးလျက်ရှိပြီး ဈေးများအားအဆင့်မြှင့်တင် တည်ဆောက်ပေးခြင်း၊ မြို့တွင်းရှိလမ်းများ အဆင့်မြှင့်တင်ခင်းကျင်းပေးခြင်းနှင့် မြို့သာ ယာလှပရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မုံရွာမြို့သည် တိုင်းဒေသကြီး မြို့တော်ဖြစ်သည်နှင့်အညီ မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင် မြို့နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန် ကြားရေးမှူး ဦးထွန်းထွန်းက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံအဆောက်အဦသစ် တည်ဆောက် ပြီးစီးခဲ့မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုလွင်တို့က ဗန္ဓုလဈေး ၂ ထပ်ဈေးရုံအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာနှင့်စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွား အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး အဆိုပါဈေးရုံ အဆောက်အဦ သစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက ဗန္ဓုလဈေး ၂ ထပ်ဈေးရုံ အဆောက်အဦသစ်အား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေး ရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဈေးရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဈေးလာရောက်ဝယ် သူများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများနှင့် နံနက်စာ များဝေငှပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး RC ၂ ထပ်ဈေးရုံ အဆောက်အဦ သစ်သည် အလျား – ၂၇၉ ပေ၊ အနံ – ၂၄ ပေ၊ ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်း၊ တစ်ခန်းလျင် အလျား – ၁၀ ပေ၊ အနံ – ၁၂ ပေအကျယ်ဖြစ်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာ ဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

20250819 04

20250819 04

20250819 04

20250819 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.