slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)၊ ကံတလူဂိတ်တို့ရှိ တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် ဌာန ဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေ သည့်လုပ်ငန်းများ အပေါ်တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ် များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံမှုများမရှိစေရေး၊ တရားမ ဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ် တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင် ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး နီဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဂိတ်များနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်မုဒ်ဦး ပြုပြင်ဆောင် ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုံခြုံရေးစနစ်တကျဆောင်ရွက်ရေး၊ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိ စေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင်ကား ကြီးများနှင့် တွဲကားကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက်ဆိပ်ဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများနေ့စဉ် အသုံး ပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် သစ်သီးဝလံ များ၊ ဟင်းသီးဟင်းရွက်များ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250808 05

20250808 05

20250808 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

မုံရွာ၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသည့် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့ကျောင်းများအား ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်း ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေးနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရေးတို့အတွက် မိမိတို့ဆောင်ရွက်နေသည့် စီမံ/အုပ်ချုပ်ရေးဆိုင်ရာများနှင့် သင်ကြားရေးဆိုင်ရာများအပေါ် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သင်ကြားရေးဆိုင်ရာများနှင့် သင် ထောက်ကူပစ္စည်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်ကိုင်းခရိုင်၊ အုပ်ချုပ်ရေးမှူးက စစ်ကိုင်းခရိုင်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်း လင်းတင်ပြသည်။

ဆက်လက်၍ စစ်ကိုင်းမြို့နယ် ပညာရေးမှူးနှင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှု၊ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှု၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုနှင့် ကျောင်းသုံးပရိဘောဂ ပစ္စည်းအသုံးပြုမှု အခြေအနေများနှင့် ပြည့်စုံလုံလောက်မှု၊ ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်မှုရှိစေရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြအနေများအား ရှင်းလင်းတင် ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ ယာယီကျောင်းဆောင် ၄ ဆောင် ဆောက်
လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများ၊ အခြေခံပညာမူလတန်းကျောင်းရှိ အမှတ်(၁) အလျား- ၉၀ ပေ၊ အနံ- ၃၀ ပေ၊ ယာယီကျောင်းဆောင် ၂ ဆောင်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ယာယီကျောင်းဆောင် ၄ ဆောင် ဆောက် လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ထူပါရုံ)၌ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ RC ၁ ထပ် ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20250808 01

20250808 01

20250808 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.