၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည် သူ့ဆေးရုံကြီးနှင့် ခုတင်ည(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီး၌ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ခုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံတွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုများခံယူနိုင်စေရန် အတွက် ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များနှင့် လျှပ် စစ်မီးကြိုးများနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းမှုများအား မုံရွာမြို့ ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် တိုင်းရင်းဆေးရုံဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံ အတွင်းရှိ အမျိုးသား/အမျိုးသမီး ဆေးကုသရေးအဆောင်များ၊ လူနာစမ်းသပ်ခန်းများနှင့် ဆေးသိုလှောင်ခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံ ခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများ နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ စီမံ/အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ ဆရာဝန်/သူနာပြုများအနေဖြင့် လူနာများအပေါ် ကုသရေးလုပ် ငန်းများဆောင်ရွက်ရာတွင် နွေးထွေးပြူဌာစွာဖြင့် ပြုစုစောင့်ရှောက်ကုသပေးသွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဘဆေးရုံ ကြီးရှိ ဖျားနာဆောင်၊ အရိုးအကြောဆောင်၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသအဆောင်နှင့် ဓါတ်မှန်အဆောင်၊ မျက်စီခွဲစိတ်အဆောင်၊ ကွန်ပျူတာဓါတ်မှန်အဆောင်များအား လိုက် လံကြည့်ရှုခဲ့ကြပြီး ကုသရေးအဆောင်များနှင့် ခွဲစိတ်များအား အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေ ရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီးက သတ်မှတ်ဆေးကုသရေးအဆောင်များတွင် လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေများ အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာစက်မှုန်ဇုန်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်အတွင်းရှိ လုပ်ကိုင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည် အသွေးပြည့်မီသည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ ကုန်ထုတ်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများအား အခြေခံ၍ အဆင့်မြှင့် ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရေးတို့အတွက် ဇူလိုင်လ ၃၀ ရက်၊နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ တစ်ရက်လျင် ပုဆိုး/ထဘီနှင့် အဝတ်အထည် ၂၀၀ ကျော်ထုတ်လုပ်နေသည့် ဦးဇင်မျိုးသန့်၏ စက်ရက္ကန်းစက်ရုံသို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စက်ရက္ကန်းစက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကုန်ကြမ်းရရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ခဲ့ပြီး ပုဆိုး/ထဘီနှင့် အဝတ်အထည်များအား ခေတ်မီဒီဇိုင်း ဆန်းသစ် မှုများဖြင့် ထုတ်လုပ်သွားရေး၊ ဈေးကွက်အတွင်းသို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ဖြန့်ဖြူးရောင်း ချသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ ဦးအောင်ခင်ဇော်၏ စက်ရက္ကန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကုန်ချောအဝတ်အထည်များအား ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ ဒေါ်ခင်တင့်၏ ဖြတ်စ၊ညှပ်စကြိတ်ပြီး ကုန်ချောစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ ဝါကုန်ကြမ်းမှ ဝါးဂွမ်းနှင့်ဝါစေ့ခွဲသည့် ကြိတ်စက်ဖြင့် တစ်ရက်လျင် ဝါစေ့ဆီ ၄၅၀ ပိဿာ ကြိတ်ခွဲထုတ်လုပ်နေသည့် “မြို့ညွန့်အောင်” ဝါကြိတ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန် ခံမှ ဝါကြိတ်စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်း လင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ စက်ရုံ၌ ချည်ထည်စက်ရုံ၊ ဝါကြိတ်စက်ရုံလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ စက်ရုံလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချည်ထည်စက်ရုံ၊ ဝါကြိတ်ခွဲစက်လုပ် ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ NCY International Co,Ltd သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း တန် ၁၀၀ ကျ ဆန်စက်၊ ပဲခွဲစက်၊ ပဲမှုန့်ကြိတ်စက်မျိုးစုံ ကြိတ်ခွဲရေးသုံးစက်ပစ္စည်းများနှင့် မီးသွေးတောင့် မီးဖိုများ ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ် လုပ်နေသည့် စက်ပစ္စည်းများအရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



