slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၂၆

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရုံးများ မှရဲတပ်ဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အား ထိခိုက်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးအား များစွာထိ ခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လူသားအရင်းအမြစ်များ ဆုံးရှုံးမှုများ ဖြစ်ပေါ် လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ တွင်လည်း တားဆီးနှိမ်နင်းရေးလုပ်ငန်းတစ်ခုတည်းနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးအား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလှုံ့ဆော်မှုများအား ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှ အလေးထားပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဌ ထံမှပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖတ်ကြားသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရတပ်ဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိမှု မှတ်တမ်းဓါတ်ပုံများနှင့် အသိပညာပေးမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250627 01

20250627 01

20250627 01

20250627 01

20250627 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်း အနား တက်ရောက်

မုံရွာ၊ ဇွန် ၂၅

၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန် ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အား ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားအသင်းများအနေဖြင့် ယခင်နှစ် များမှ အတွေ့အကြုံများအားရယူပြီး အားသာချက်၊ အားနည်းချက်များကို ပြုပြင်လေ့ ကျင့်ကာ မိမိတိုင်းဒေသကြီးအတွက် တရားသောယှဉ်ပြိုင်ခြင်းဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံ ဆိပ်များအားရယူကာ ယခင်နှစ်များထက် ပိုမိုအောင် မြင်အောင် အစွမ်းကုန်ကြိုးစားယှဉ် ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အသင်းအုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ အနေဖြင့်လည်း အသင်းအလိုက် တစ်ဦးချင်းအလိုက် ပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေး သည့်ဇွဲစိတ်ဓါတ်နှင့် စည်းမျဉ်း/စည်းကမ်း ဘောင်ထဲမှ တရားမျှတစွာ ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားဖြင့် နိုင်ငံတော်အား မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများမှ ကြိုဆိုဂုဏ်ပြုပေးချင်သောကြောင့် အောင်မြင်မှုများနှင့်အတူ ဆုတံ ဆိပ်များပိုက်ကာ ပြန်လာခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်/နည်းပြနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်/နည်းပြများထံ အောင်နိုင်ရေးအလံအား ပေးအပ် သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း နည်းပြများထံ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်- ၁၃၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း နည်းပြ များထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ် သူများက ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်သွားမည့် အခြေ အနေများအား ရှင်းလင်းပြော ကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

20250626 01

20250626 01

20250626 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.