၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားနှင့်ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ဧကများ ကိန်းဂဏန်းမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်း
မုံရွာ၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊
တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာအား ကယ် တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှု ပြယုဂ်တစ်ခု ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နေရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝ မှုရှိစေရန် စွမ်းဆောင်ရည်မြှင့်တင်သင်တန်းများသည်လည်း အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဒေသနှင့်လိုက်လျောညီထွေရှိသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအား စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီသည့် ကာကွယ်ဆေးများအား သက်ဆိုင်ရာ ဦးတည် အုပ်စုများအား အချိန်မီထိုးနှံတိုက်ကျွေးပေးသွားကြရန် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန်လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ် ငန်းနှင့်အတူ မိခင်နှင့်ကလေးများအတွက် အခြားကျန်းမာရေးစောင့် ရှောက်မှုများ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အကောင်းဆုံးဆုရမြို့နယ် ၃ မြို့နယ်အား ဆုတံဆိပ်များပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ “မျိုးဆက်တိုင်းကိုကာကွယ်ထား ကာကွယ်ဆေး ၏စွမ်းပကား” Documentsry Story နှင့် (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် မျိုး ဆက်တိုင်းကိုကာကွယ်ထား ကာကွယ်ဆေး၏စွမ်းပကား”တေးသီချင်းဗီဒီယို အားကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကမ္ဘာ့ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ရွက်ခဲ့မှုမှတ်တမ်းဓါတ်ပုံများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုသွားမည့် ဆက်စပ်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ဧကများ ကိန်းဂဏန်းမှန်ကန် စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက် ပျိုးလျက်ရှိသည့် ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် သီးနှံများအားလုံးစိုက်ဧကမှန်ကန်ရေး ထွက်ရှိသည့်သီးနှံများ၏ ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးတို့အတွက် တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များမှ အလေးထားကာ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ပျိုးသီးနှံများအားလုံး စိုက်ဧကနှင့်အထွက်နှုန်း ကိန်းဂဏန်းမှန်ကန်မှုရှိစေရေးတို့အတွက် မြေပြင်အထိကွင်း ဆင်းကာ ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်းလိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး စိုက်ပျိုး ရေးနှင့်မွေးမြူရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်း ပန်းတိုင်အထွက်တိုး သီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုတ် စိုက်ပျိုးသီးနှံများ ကိန်း ဂဏန်းမှန်ကန်စေရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဆီထွက်သီးနှံနေကြာပန်းတိုင်အထွက် နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ၂၅ ရက်၊ မွန်းလွဲ ပိုင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိအစည်းအဝေးခန်းမတွင်ကျင်း ပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့် စိုက်ပျိုး မွေး မြူရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ပျားမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံနေကြာများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ မြေ၊ မျိုး၊ ရေ၊ နည်း နည်းလမ်း ၄ သွယ်ဖြင့် စိုက်ဧကပြည့်မီစွာ စိုက်ပျိုးသွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး အတွက် အစွမ်းကုန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေကြာ သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝတ်မှုံကူးစက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် နေကြာစိုက် ပျိုးရေးတောင်သူများသို့ ပျားမွေးမြူရေးနည်းစနစ်များအား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားကြရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နေကြာစိုက်တောင်သူများအား အထွက်တိုးစေရန်နှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးကို အားပေးနေသကဲ့သို့ လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုအစည်းအဝေးတွင် ပွင့်လင်းမြင်သာစွာ ဆွေး နွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ပျားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



