slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

မုံရွာ၊ ဇွန် ၂၀

ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၀ ရက်၊ နံနက် ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလင်းဝင်ရောက်လာသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုံးမဩဝါဒစကားများ ပြောကြားသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၄ ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလင်းဝင်ရောက်လာသူ တစ်ဦးလျှင် ဆုကြေးငွေကျပ် သိန်း ၂၀ စီဖြင့် စုစုပေါင်းငွေကျပ် သိန်း ၄၈၀ ကျပ် နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက အသီးသီးလက်ခံ ရယူကြသည်။

ထို့နောက် အလင်းဝင်ရောက်လာသူများ၊ မိဘဆွေ မျိုးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူ များအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံ‌ကျွေးမွေးကာ အလင်းဝင်ရောက်လာသူများအား ၄င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှံပြောင်းအပ်နှံ ပေးခဲ့ကြောင်း သိရသည်။

20250623 11

20250623 11

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဒေါင်းဖန်းလက်တွန်း ထွန်စက်များ၊ သွင်းအားစု ယူရီးယားဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၂၀

၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ (နေကြာနှင့်နှမ်း) ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ယူရီးယားဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်း အနားကို ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်ရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတောင်သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆီထွက်သီးနှံများအား ပိုမိုအောင်မြင်အောင် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းသီးနှံများထွက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့် နေကြာသီးနှံ စိုက်ဧကများလျာထားချက်ပြည့်မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင် ရာများနှင့် ဒေသခံတောင်သူကြီးများမှ ဝိုင်းဝန်းပူးပေါင်းပြီး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း)စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေသုံးစွဲစိုက်ပျိုးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသ ကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက် ပျိုးရေပေးဝေနေမှု အခြေအနေအား လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့်ပေးအပ် ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အသား/ဥ မွေးမြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများငါး စားသုံးမှု ဖူလုံပြည့်ဝစေရအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၅- ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း) ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာ ၈ မှ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် တောင်သူများနှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများထံ ဒေါင်ဖန်းလက်တွန်းထွန်စက်များ၊ သွင်းအားစု ယူရီယားဓာတ်မြေသြဇာ ၃၅၀ အိတ်နှင့် လယ်ယာသုံးစက်မောင်းဆီ ဂါလံ ၁၀၅၀ တို့အားအသီးသီး ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နီဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများ အားရင်းရင်းနှီးနှီး လိုက် လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်း အတွင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လက်တွန်း ထွန်စက်များ၊ လက်ဆွဲမျိုးစေ့ချကိရိယာများအား ကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ တက် ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦး အား လယ်ယာသုံးစက်မောင်းဆီများ ခွဲဝေပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250623 07

20250623 07

20250623 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.