slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း-(အလုံ) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇွန် ၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း-(အလုံ) ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်း သား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသုံးဆီများ၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

20250609 07

20250609 07

20250609 07

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္က သိုလ်(မုံရွာ) ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အတွင်း e-Government ဝန်ဆောင်မှုများအား ခေတ်မီစေရန်နှင့် တိုင်းဒေသကြီးအတွင်း ရှိသည့် ပြည်သူ့ကဏ္ဍ၏ စွမ်းဆောင်ရည်အား မြှင့်တင်ရန်အရေးပါသည့် ပညာရေးအစီ အစဉ်အား အောင်မြင်ပြီးဆုံးအောင်တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများ အားလုံး ပင်ပန်းမှုတိုင်းကို ဇွဲနှင့်ကျော်လွှားနိုင်ခဲ့သည့်အတွက် ပထမဦးစွာ ချီးကျူးဂုဏ်ပြု လိုပါကြောင်း၊ ယခုသင်တန်းသည် တိုင်းဒေသကြီး၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မြှင့်စေရန် စွမ်းဆောင်ရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ သင်တန်းသား /သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအား လက်တွေ့ဘဝတွင် အသုံးချသွားကြရန်လိုအပ်ပြီး မိမိအဖွဲ့အစည်းအတွင်း အသိပညာမျှ ဝေခြင်းဖြင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ပြန့်ပွားလာအောင် ဆောင်ရွက်ပေးသွားကြရန်နှင့် နည်းပညာသည် နေ့စဉ်ပြောင်းလဲနေသဖြင့် သင်ယူမှုအားရပ်တန့်ခြင်းမပြုပဲ မိမိကိုယ်ကို အမြဲ Update လုပ်နေကြရန် လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီး၏ e-Government စနစ်အားအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာ တက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်က e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းနည်းပြနှင့် လ/ထနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်း သား/သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ တိုင်းဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

20250609 01

20250609 01

20250609 01

20250609 01

20250609 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.