slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်းနှင့် ဝင်ခွင့်လျှောက်လွှာ ပုံစံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(က) ပြိုင်ပွဲဝင်များသည် ၁၀ နှစ် မှ ၁၅ နှစ်၊ ၁၆ နှစ် မှ၂၀ နှစ်၊ ၂၁ နှစ် မှ ၂၅ နှစ် ဟူ၍ အသက်အရွယ် အပိုင်းအခြား (၃) ခု ခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ myatthujack@gmail.com သို့ e-mail ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးမြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝ၉-၅၁၆၁၁၂၇ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) Format JPG A3 (297 x 420 mm) with the correct aspect ratio ၊
(၂) Resolution 300 dpi ၊
(၃) File Size 15 Mb ထက်မပိုစေရ။ ၁၀ file ထက် မပိုရပါ၊
(၄) ပိုစတာရေးဆွဲရာတွင် tablet များ၊ stylus များ၊ ကွန်ပျူတာပရိုဂရမ်များ အသုံးပြု၍ ဂရပ်ဖစ်နည်းပညာဖြင့် ဖန်တီးရမည်။
(ဂ) ပန်းချီနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ပန်းချီ(မူရင်း) နှင့်အတူ Hard Copy (၂)စုံနှင့် Soft Copy CD (၁)ချပ် ပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင် ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာလဲ့လဲ့အောင်၊ ညွှန်ကြားရေးမှူး၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝ၉-၅၁၉၄၁၁၂ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) File Submission Format JPG ၊ A3 (297×420 mm) with correct aspect ratio ၊
(၂) Resolution 300 dpi ၊
(၃) File Size 15 Mb ထက်မပိုစေရ၊ ၁၀ file ထက် မပိုရပါ။
(၄) ပန်းချီရေးဆွဲရာတွင် Pencil ၊ Felt-tip Pen ၊ Crayons ၊ Paints ၊ Sketch Markers ၊ Sepia ၊ Sanguine ၊ Charcoal ၊ Ink ၊ Capillary Pen စသည့် ကိရိယာများအသုံးပြု၍ ရေးဆွဲနိုင်သည်။ အီလက်ထရောနစ်ပစ္စည်းများ အသုံးပြု၍ ရေးဆွဲခြင်း မပြုရ။
(ဃ) ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ ms.khinmoeou@gmail.com သို့ e-mail ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီး ဌာန၏ www.mrtv.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဉ၊ ညွှန်ကြာရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝ၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဝ၉-၄၀ဝ၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) Format mp 4 ၊
(၂) Resolution 3840 x 2160 p ထက်မပိုစေရ၊
(၃) File Size 300 Mb ထက်မပိုစေရ၊
(၄) Duration 120 Seconds ထက်မပိုစေရ၊
(၅) Sound 16-bit, stereo ၊ ၁၀ ဖိုင်ထက် မပိုရပါ။
၃။ ပြိုင်ပွဲဝင်လက်ရာများတွင် ပြိုင်ပွဲဝင်လက်ရာ၏ခေါင်းစဉ်၊ ရှင်းလင်းချက်စာသား (ပိုစတာ များနှင့် ပန်းချီများအတွက်) သို့မဟုတ် တည်းဖြတ်ထားသော စာတန်းထိုးများ (ဗီဒီယိုများ အတွက်)ကို ရုရှားဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရန်နှင့် ပြိုင်ပွဲဝင်လက်ရာ ဖန်တီးသူ၏ Last name၊ First Name ၊ အသက် (ဖန်တီးမှုအဖွဲ့လိုက်ဖြစ်ပါက တစ်ဦးချင်း၏ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ပါအချက်အလက်များ)နှင့် နိုင်ငံစသည့် အချက်အလက်များ ပါဝင်ရမည်။
၄။ ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယို တို့အနက်မှ ပထမဆု ရရှိသည့် ပိုစတာ၊ ပန်းချီ နှင့် ဗီဒီယိုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင် စေမည် ဖြစ်ပြီး ပထမဆု အပါအဝင် အကောင်းဆုံး ပိုစတာ၊ ပန်းချီ နှင့် ဗီဒီယို (၁၀) ခုစီကို အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုဆောင်ရွက်ချက်များအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့သွားမည်ဖြစ်ပါသည်။
၅။ ပြိုင်ပွဲဝင်များသည် အောက်ပါ အချက်များကို လိုက်နာရမည်-
(က) တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊
(ခ) မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊
(ဂ) ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊
(ဃ) ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပို့ရမည်၊
(င) ပြိုင်ပွဲဝင်ပိုစတာ၊ ပန်းချီနှင့် ဗီဒီယို တို့ကို Artificial Intelligence (AI) နည်းပညာ အသုံးပြု၍ ယှဉ်ပြိုင်ခြင်းမပြုရ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

20250604 08

20250604 08

20250604 08

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင် ပြုပြင်မွမ်းမံရန်အတွက် နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား တက်ရော

မုံရွာ၊ ဇွန် ၃

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင် ပြု ပြင်မွမ်းမံရန်အတွက် နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း အခမ်းအနားကို ဇွန်လ ၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံယူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဌသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိကျေးဇူး တော်ရှင် သီတဂူဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ဆွမ်းဦးပုညရှင်တော်စေတီတော် မြတ်ကြီး ပြိုကျပျက်စီးမှုများအပေါ် ရှင်းလင်းပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များအား ဦးစွာ လျှောက်ထားခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးနှင့်ပြုပြင်ဆောင်ရွက်သွားမည့် အခြေ အနေများကို Power Point ဖြင့် ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်မှု များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ဖြည့်စွက်လျှောက်ထားခဲ့သည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်အဆင့် ထေရ်ကြီး၊ဝါရ်ကြီး ဆရာတော်ကြီးများက ဩဝါဒကထာ မြွက်ကြားကြပြီး သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံး ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှု၊ ၈ ခန်းတွဲ ၄ ထပ်၊ ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာများ အဆောက်အဦသစ်များနှင့် ကွန်တိန်နာလူနေအိမ်များ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250604 04

20250604 04

20250604 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.