slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မေလ ၂၈ ရက်၊ နံနက် ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမူတော်စေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီးအား ကြံ့ခိုင်မှုများပြန်လည်စစ်ဆေးရန်အတွက် စက်ယန္တယားများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စေတီတော်ကြီးမြောက်ဘက်မုဒ်ရှိ မေတ္တာကန်တော် ထိခိုက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း၌ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ်ကျောင်းဆောင် အဆောက် အဦ ၄ လုံး တည်ဆောက်နေမှုများနှင့် ရွာထောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အလျား – ၉၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ် ကျောင်းဆောင်၊ အလျား – ၆၀ ပေ၊ အနံ – ၃၀ ပေ၊ ၁ ထပ်ကျောင်းဆောင်နှင့် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့်ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools) ၁ လုံး တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့်ငလျင်ဘေးသင့်ပြည်သူများအတွက် ပန်းခင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောက်ရွက်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးအောင်က ငလျင်ဘေးသင့်ပြည်သူများ အတွက် ပန်းခင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာ ရင်းဆောက်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးတို့က ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံသားစီစစ် ရေးကတ်ပြားများ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

20250529 11

20250529 11

20250529 11

20250529 11

မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခံရမှု ၂ လ ပြည့် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း အခမ်းအနား စစ်ကိုင်းမြို့၌ ကျင်းပ

မုံရွာ၊ မေ ၂၈

၂၀၂၅ ရက် မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှု ၂ လ ပြည့်အဖြစ် ဆုတောင်းမေတ္တာပို့သ၍ အမျှ အတမ်းပေးဝေခြင်း အခမ်းအနားကို မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ် ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ စစ်ကိုင်းမြို့၊ သောတ ပန်ရပ်ကွက်၊ ခေမာသီဝံကျောင်းတိုက် ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံမှ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆေက်တည်ကြသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားသရစ္စျာယ် ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များ ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) စစ်ကိုင်းမြို့၊ ရွှေဘုန်းပွင့်ကျောင်း တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေကြပြီး “အနိစ္စဝတ သင်္ခါရ” အစချီသော သံဝေဂဂါထာအား ရွတ် ဆို၍ အနားအခမ်းကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား အဆိုပါစေတီတော်ကြီးရှိ ဂေါပက အဖွဲ့ရုံးခန်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုန့်နှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20250529 08

20250529 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.