၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေးကုသမှု အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
မုံရွာ၊ မေ ၂၈
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေး ကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို မေလ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည် စာစားပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကု သရေးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် များတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း ၃၆၄၃ ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ ၃၀၅ ဦးအား အသေးစားခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှု များနှင့် ဆေးဝါးထောက်ပံ့မှုများအား ရက်ပေါင်း ၃၇ ရက်ကြာ ဆေးကုသပေးခဲ့မှုအတွက် စစ်ကိုင်းမြို့ ပြည်သူများကိုယ်စား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးပင်ကျေးဇူး တင်ရှိပါကြောင်းနှင့် မလေးရှားဆေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည့် စစ်ကိုင်းမြို့၊ ဆေးရုံဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်ပေးခဲ့သည့် ဆေး ပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မလေးရှားနိုင်ငံ စစ်သံမှူး Colonel Norulhisyam bin Md Shuib မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီးတို့က မလေးရှားနိုင်ငံ စစ်သံမှူးနှင့် ဆေးကုသရေးအဖွဲ့ခေါင်း ဆောင်များထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ကိုယ် အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်၊ စက် မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စက်မှုဇုန် ၆ လမ်း ကိုယ်အားကိုယ်ကိုး ကွန် ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို မေလ ၂၇ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ စက်မှုဇုန် ၆ လမ်းမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လမ်းများကောင်းမွန်လာသည် နှင့်အမျှ ပြည်သူများ သွားလာရေးလွယ်ကူ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေး၊ ပိုမိုဖွံ့ဖြိုးတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့်လမ်းသည် ယခင်က မြေသားလမ်းသာဖြစ်ပြီး မိုးရွာသွန်းချိန်တွင် တောင်ကျရေများစီးဆင်းပြီး မိုးရေတိုက်စားမှုများကြောင့် လမ်းမျက် နှာပြင်တွင် ချိုင့်ခွက်များဖြစ်နေ၍ စက်ရုံအလုပ်ရုံများသို့ အလုပ်လုပ်ကိုင်ရန် သွားလာ သည့်ဝန်ထမ်းများ၊ ကုန်တင်ယာဉ်များ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ အနီးဝန်းကျင်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများ သွားလာမှုခတ်ခဲခဲ့ပါကြောင်း၊ ယခုလို ကွန်ကရစ်လမ်းမကြီးတစ်ခု ဆောင်ရွက်ပြီးခြင်းကြောင့် စက်မှုဇုန်ထွက်ကုန်ပစ္စည်များ သယ်ပို့ရာတွင် လွယ်ကူချော မွေ့လျင်မြန်ကာ ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေမည် ဖြစ်ပါကြောင်း၊ ယခုကွန်ကရစ် လမ်းသစ်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်ပါ၍ ယခင်သွားလာမှုအခတ်အခဲများ အဆင်ပြေချော မွေ့လာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဉက္ကဌ ဦးကိုကိုမြင့်က စက်မှု ဇုန် ၆ လမ်း ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန် ကြားရေးမှူး ဦးသစ်ထူးမြင့်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုးအောင်နှင့် စစ်ကိုင်းစက်မှုဇုန် ဉက္ကဌ ဦးကိုကိုမြင့်တို့က စစ်ကိုင်းမြို့၊ စက်မှုဇုန် ၆ လမ်း ကိုယ်အား ကိုယ်ကိုး ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကပြီး နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်း သစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်း သစ် အား စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဘိလပ်မြေအိတ် ၁၀၂၀၀ အိတ်၊ ပြည်သူ/လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေကျပ် ၁၈၀ သန်း၊ စုစုပေါင်းငွေကျပ် ၄၃၅ သန်း ဖြင့် လမ်းအရှည် ၄၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မထုဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းစက်မှုဇုန်ရှိ “ယူကရိန်း” သံရည်ကျို၊ ပန်းလုံးနှင့် ဟင်းဂလိုင်းစက်ရုံ၊ “ရွှေမြန်မာ” သံရည်ကျိုနှင့် သံနန်းဆွဲစက်ရုံများသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံများမှ စက်ရုံအတွင်း သံထည်အမျိုးမျိုးထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က လိုက်လံကြည့်ရှုခဲ့ကြပြီး ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၂၀၀ ဦးကျော်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည့် “ကျင်းရှင်း” နည်းပညာသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက ဖုန်းအားသွင်းကြိုးနှင့် ကွန်ပျူတာစပ်ဆက်သုံး ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်နေ မှုလုပ်ငန်း အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းစက်မှုဇုန် ဉက္ကဌက စစ်ကိုင်း စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စက်ရုံ အတွင်း ဖုန်းအားသွင်းကြိုးနှင့် ကွန်ပျူတာစပ်ဆက်သုံး ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျင်ကြောင့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ပတ္တမြားစေတီတော် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားပြီးစီးမှုအား သွားရောက်ကြည့် ရှုခဲ့ကြပြီး စေတီတော်ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စစ်ကိုင်းမြို့၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ရောက် ရှိရာ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ငလျင်ဒဏ်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်း ပြန်လည်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား လှည့်လည်ကြည့်ရှုပြီး ဆရာ ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ၌ UNDP Myanmar ဌာနကိုယ်စားလှယ် Mr Titon Mitra အဖွဲ့နှင့် တွေ့ဆုံ၍ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံအဆောက်အဦများနှင့် လူနေအိမ်တိုက်တာများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



