slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP)အစီအစဉ်အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန် သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင်သူများသို့ပေးအပ်ခြင်း အခမ်းအနားနှင့် ကွင်းသရုပ်ပြသပွဲ တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၅

အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP)အစီအစဉ် အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင်သူများသို့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ တောင်သူ ဦးအေးကျော်၊ ကွင်းအမှတ်- ၆၆၅ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင် သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက် ပျိုးသွားမည့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများ အနေဖြင့် အမှတ်တကယ်စိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံ မျိုးကောင်းမျိုးသန့် များရရှိစေရေးနှင့် သွင်းအားစုများရရှိစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ခင်းများအတွင်း ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား လိုအပ်မှုအချိုးညီမျှစွာဖြင့် ထည့်သွင်းအသုံး ချစိုက်ပျိုးသွားရေး၊ ဝါးသီးနှံများအလေအလွင့် မရှိစေရေးတို့အတွက် ဝါသီးနှံများခူးဆွတ် သည့်အချိန်နှင့် ရိတ်သိမ်းချိန်များတွင် ခေတ်မီနည်းပညာစက်များဖြင့် ခူးဆွတ်ရိတ်သိမ်း သွားရေး၊ ဝါသီးနှံများ သတ်မှတ်ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် တစ်ဧကလျင် ပိသာ ၇၀၀ မှ ၁၀၀၀ အထိ ထွက်ရှိရေး၊ ပင်ကြား၊တန်းကြားစနစ်ဖြင့် စိုက်ပျိုးသွားရေး၊ တောင် သူများမှလည်း မိမိတို့ပိုင်ဆိုင်သည့် မြေဧကအတွင်း သတ်မှတ်အပင်အရေအတွက် စိုက်ပျိုး သွားကြရန်နှင့် အရည်အသွေးကောင်းမွန်သည့် ဝါမျိုးစေ့များ စိုက်ပျိုးသွားရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရေးစေရေးအတွက် သမရိုးကျစနစ်မှ သိပ္ပံ နည်းကျစနစ်များဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုဓါတ်မြေဩဇာများနှင့် လယ်ယာသုံးစက်မောင်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးသွားနိုင်ရေးနှင့် စိုက်ခင်းများအတွင်း စိုက်ပျိုးရေရရှိစေရေးတို့အတွက် ဌာနများအချင်း ချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး က အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP) အစီအစဉ်အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင် သူများသို့ပေးအပ်ခြင်းနှင့် ဝါသီးနှံစိုက်ပျိုးခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်းအရာ များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၀၀ ဦးအတွက် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့များ နှင့် သွင်းအားစုများအား ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများက တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅ ၊ စိုက်ဧက ၄ ဧကအတွင်း RaKa 666 မျိုးကွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စနစ်တကျစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား အတူတကွ ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း” မှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇-ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း”မှ “အမျိုးသမီးအများအတွက် ဝင်ငွေတိုးတက် ရေးစီမံကိန်း” နှင့် “အသေးစား၊အငယ်စားနှင့်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းထာစေရေး စီမံကိန်း”အတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)ဖွင့်ပွဲ အခမ်း အနားကို ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်း/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအနေဖြင့် ဒေသတစ်ခုထွက်ကုန် တစ်ခုဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်း လာစေရန်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်၊ အမျိုးသမီးများနှင့် လူငယ် များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွား လာ စေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေး နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘိန်းစိုက်ပျိုးဝင်ငွေရှာခြင်းအစား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက် စေပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ စီမံကိန်းအား အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်တန်းသား၊သင်တန်းသူများ စီမံကိန်းလုပ် ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် စီမံကိန်းကြီးကြပ်ရေး ကော်မတီဝင် များအားလုံးမှ တက်ညီလက်ညီဆောင်ရွက်မှသာလျှင် စီမံကိန်းလုပ်ငန်းများ အောင်မြင်နိုင် မည်ဖြစ်ပြီး စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်) သင်တန်းသူများအနေဖြင့်လည်း ယခုသင်တန်းမှပို့ချပေးမည့် သင်ခန်းစာများအား လက်တွေ့အသုံးချပြီး မိသားစု ဝင်တိုးတ က်ရေးအတွက် အစွမ်းကုန်ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး တာဝန်ရှိသူများက စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်များအား သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သင်တန်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းတွင်အသုံးပြုသွားမည့် သင် ထောက်ကူပစ္စည်းများနှင့် ဓါတ်ခန်းခွဲတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး စက်ချုပ်နည်းပညာ သင်တန်း(အဆင့်မြင့်)သင်တန်းသူ၏ ကိုယ်တိုင်ချုပ်လုပ်နေမှုများအား လိုက်လံကြည့်ရှု အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.