၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးတောင်သူများ အားတွေ့ဆုံဆွေးနွေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း ပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ မေ ၁၄
စစ်ကိုင်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးတောင်သူ များအား တွေ့ဆုံဆွေးနွေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါများ အကြောင်း ပညာပေးဟောပြောပွဲ အခမ်းအနားကို မေလ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများလိုအပ်သည့် အာ ဟာရနှင့်ဘေးအန္တရာယ်ကင်းရှင်းသည့် အသား၊ ငါး၊ နို့နှင့် ဉများရရှိရေးအတွက် ဌာနဆိုင် ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များက အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ တိရစ္ဆာန်များ တိုးချဲ့မွေးမြူနိုင်ရန် မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်းပေါင်း- ၄၂၉၈ သိန်းကျော် အားအတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးထားပြီး ဖြစ်ပါကြောင်း၊ တိရိစ္ဆာန် များမွေးမြူသည့်နေရာတွင် မွေးမြူရေးစနစ်မှန်ကန်စေရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ကူးစက်ရော ဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသည် အရေးကြီးပါကြောင်းနှင့် မွေး ဖွားမှုများပြီး သေဆုံမှုနည်းမှသာ တိရိစ္ဆာန်များတိုးတက်ပြီး အသားထုတ်လုပ်မှုမြင့်တက် လာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွန်းကြားရေးမှူး က အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာအား လည်းကောင်း၊ တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ငါးမွေးမြူရေးနှင့်ငါးသား ဖောက်ခြင်းလုပ်ငန်း သိကောင်းစရာများအား လည်းကောင်း၊ တိုင်းဒေသကြီး ပျားမွေးမြူရေးလုပ်ငန်း တာဝန်ခံမှ ပျားမွေးမြူရေးလုပ်ငန်း သိကောင်းစရာများအား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ခွာနာရှာနာရောဂါအကြောင်း သိကောင်းစရာများအား လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် မွေးမြူရေး တောင်သူများက မိမိတို့လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဌာနဆိုင်ရာများနှင့် မွေးမြူရေးတောင်သူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြာကာ တွေ့ဆုံပွဲအခမ်အနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း ကြက်မဲ၊ တိုင်းရင်းကြက်များ မွေးမြူထားရှိမှုနှင့် နေပီယာမြတ် စိုက်ပျိုးထားရှိမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
မုံရွာ၊ မေ ၁၄
၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမျိုးသား ဘော်လီဘောပြိုင် ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဟုမ္မလင်းမြို့နယ် ဘော်လီဘောအသင်းနှင့် ခန္တီးမြို့နယ် ဘော်လီဘော အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ခန္တီးမြို့နယ်အသင်းမှ ဟုမ္မလင်း မြို့နယ်အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဉပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အမျိုး သား/အမျိုးသမီး အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီး ဘော် လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် မုံရွာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် စစ်ကိုင်း မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းကျပ်အား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုး သမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးဇော်ထူးက အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟုမ္မလင်းမြို့ နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းကျပ်အား လည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ချောင်းဦးမြို့နယ်အသင်းနှင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ခန္တီးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် – ၅ သိန်းကျပ်စီ နှင့်ဒိုင်းဆုများအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ် ပုံရိုက်ကူးပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်း စခန်း သွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြပြီး နည်းပြများ၊ အားကစားသမားများနှင့်တွေ့ဆုံ ကာ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



