slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြို ဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ယူရီးယားမြေသြဇာ၊ လယ်ယာသုံးစက်မောင်းဆီများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ပ

မုံရွာ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲ တီစိမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ယူရီးယားမြေသြဇာ၊ လယ်ယာသုံးစက်မောင်းဆီများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ပေး အပ်ချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦး တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီတိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍ ကုန် ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရာတွင် တောင်သူကြီးများအနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် တစ်နှစ်လျှင် နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးသွားကြ ရန်နှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိအောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုး ပမ်းစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက တိုင်း ဒေသကြီးအတွင်း နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံ များမှစိုက်ပျိုးရေပေးဝေနေမှု အခြေ အနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတတိယညွှန်ကြား ရေးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေအား လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာ သုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့်ပေးအပ်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အသား/ဥ မွေး မြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်း ကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများငါးစားသုံးမှု ဖူလုံပြည့်ဝစေရအတွက် လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်း ပြောကြား ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသ ကြီးအတွင်း ၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် ဒေသခံတောင် သူများထံ သွင်းအားစု ယူရီးယားဓာတ်မြေသြဇာ ၃၅၀ အိတ်၊ လယ်ယာသုံးစက်မောင်းဆီ ဂါလံ ၁၀၅၀ ဂါလံနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ အသီးသီးပေးအပ် ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများ အားရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်း အတွင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့် စားသုံးဆီများ အားသက်သာသည့် ဈေးနှုန်းဖြင့် ခွဲဝေရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250514 01

20250514 01

20250514 01

20250514 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

မုံရွာ၊ မေ ၁၂

၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်း အနားကို မေလ ၁၂ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဗိုလ်လုပွဲစဉ်အဖြစ် ဟုမ္မလင်း ခရိုင်ဘောလုံးအသင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်က စားနေမှုအား ကြည့်ရှုအားပေးရာ ဟုမ္မလင်းခရိုင်အသင်းမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ အသင်းအား အနိုင်ရရှိသွားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ Fitness Dance ဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအား ပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နေရာအလိုက် နှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တတိယဆုရရှိ သည့် ကသာခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၅ သိန်းကျပ်အား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၇ သိန်းကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ပထမဆုရရှိသည့် ဟုမ္မလင်းခရိုင်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဟုမ္မလင်းခရိုင် ဘောလုံး အသင်းအား ငွေသားဆုငွေကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ အသင်းအုပ်ချုပ်သူနှင့် ပြိုင်ပွဲ ဝင်အားကစားသမား ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

20250513 32

20250513 32

20250513 32

20250513 32

20250513 32

20250513 32

20250513 32

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.