၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို မေလ ၁၁ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ မဟာဇေတိကာရာမကျောင်းတိုက်၊ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဉက္ကဌဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြည်ညိုပြီး ဆရာ တော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ဝထ္တုပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ ဉက္ကဌဆရာတော် ဘဒ္ဒန္တဉာဏဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နေ့ဆွမ်း များဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရဟန်း(၅၉)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များမှ သိမ်ဆင်း ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထု ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ
မုံရွာ၊ မေ ၁၁
၁၃၈၇-ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနား ကို မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန် သာယာကန်တွင် ကျင်းပပြုလုပ်ရာ ညောင်ရေသွန်းလောင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေပြည် သူများ တက်ရောက်ကြသည်။
ဦးစွာ “ မဟာ ဗောဓိဒုမေ နာယော “ စသည့် ဂါထာတော်အားရွတ်ဆို၍ အခမ်း အနားအားဖွင့်လှစ်ကာ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းစာတမ်းအား မြို့ရာပြည့်စေတီ တော်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဌက ဖတ်ကြားသည်။
ဆက်လက်၍ အရှေ့အရပ်တွင်နေရာယူသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အရပ်လေးမျက်နှာတို့တွင် နေရာယူကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီး များက “ဇယောဟိ” စသည့် ဂါထာတော်အားရွတ်ဆို၍ ညောင်ရေသွန်းလောင်းကြပြီး အရပ်လေးမျက်နှာရှိ နတ်မင်းကြီးများနှင့်ဝတ်ရွတ်အသင်းများမှ သက်ဆိုင်ရာကဗျာအား ရွတ်ဆိုကာ ညောင်ရေသွန်းလောင်းကြပြီး နတ်မင်းကြီးများ၊ ဝတ်ရွတ်အသင်းများနှင့် ဧည့်ပရိတ်များက “ဇယန္တော” စသော “ ဇယမင်္ဂလာ ” (၅)ဂါထာတော်တို့အားရွတ်ဆို၍ ဆုတောင်းပတ္ထနာပြုခြင်းနှင့် ဝတ်ရွတ်အမျိုးသမီးအဖွဲ့ ၉၆ ဦးမှ “ သွန်းကြသွန်းကြ ” ကဗျာအားရွတ်ဆို၍ ဆုတောင်းပတ္တနာပြုကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဝတ်ရွတ်အသင်းများနှင့် ဧည့်ပရိတ်သတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ကြေးစည်၊ ကြေးမောင်း၊ စည်များထိုး၍ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



