slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့ရာပြည့်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်များအား ဗုဒ္ဒါဘိသေက အနေကဇာတင် အခမ်းအနား ကျင်းပ

မုံရွာ၊ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ် ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဒါဘိသေကအနေကဇာ တင်ခြင်း အခမ်းအနားကို မေလ ၁၁ ရက်၊ နံနက်ပိုင်းက အဆိုပါစေတီတော်ကြီး၌ကျင်းပ ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ ဝဋ္ဋသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ယင်းနောက် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်၊ ပဓာနနာယက သက်တော်ရှည်ဆရာတော်က ကြီး ဘဒ္ဒန္တတေဇဝန္တ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြည်ညိုပြီး ဆရာ တော်ကြီးများထံ လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် များက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် မြို့မိ မြို့ဖ အလှူရှင်များက ပင့်သံဃာဆရာတော်ကြီးများအား ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထုငွေ များလောင်းလှူခဲ့ကြောင်း သိရသည်။

20250513 17

20250513 17

20250513 17

20250513 17

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူ တော်မင်္ဂလာအခမ်းအနား ကျင်းပ

မုံရွာ၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၁၀ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဖနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံနှင့် မောင်ရင်လောင်းများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင်လောင်း(၄၉)ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ မိဘဆွေမျိုးများမှ ဆံချခြင်းမင်္ဂလာ ပြု လုပ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆံချခြင်းမင်္ဂလာပြု လုပ်ပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အဆိုပါခန်းမအတွင်း ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင် လောင်း(၄၉)ဦး စုစုပေါင်း (၁၀၈)ဦးတို့အား ရှင်သာမဏေပြုခြင်း အခမ်းအနားကို ကျင်းပ ရာအခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် မုံရွာမြို့၊ တော်ဝင်ဘုံစံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီခလခံယူဆောက်တည်ကြပြီး ရှင်သာမဏေပြုခြင်းကိစ္စရပ်များ ဆက်လက်‌ ဆောင်ရွက်နိုင်ပါရန် အခမ်းအနားမှူးမှ တော်ဝင်ဘုံစံကျောင်းတိုက် ဆရာတော်ထံ လျှောက်ထားလွှဲပြောင်းသည်။

ထို့နောက် ဆရာတော်နှင့် ပင့်သံဃာဆရာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက အခမ်းအနားအား “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စုပေါင်း ရဟန်းခံရှင်ပြု မင်္ဂလာအခမ်းအနား၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေပဲဆီသန့် ၅၀ ကျပ်သားစီအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

20250513 11

20250513 11

20250513 11

20250513 11

20250513 11

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.